ဗြိတိန်နိုင်ငံ Edexcel (UK) က ပေးအပ်တဲ့ နိုင်ငံတကာ ကွန်ပျူတာနည်းပညာ တက္ကသိုလ်တွေက ဒုတိယ နှစ်နဲ့ညီမျှတဲ့ Higher National Diploma –HND ကို တက်ရောက်နိုင်မယ့် ဆယ်တန်းအောင်ထားတဲ့ မြန်မာကျောင်းသားတွေအတွက် ဇူလိုင်မှာ သင်တန်းဖွင့်ပါတော့မယ်။ ၁၁ကြိမ်မြောက် ဖွင့်မယ့် ဒီသင် တန်းမှာ အခုတစ်ခေါက် ဘာထူးခြားလဲ။
ရန်ကုန်အခြေစိုက် Gusto Institute of Information Technology ကျောင်းက ဒီနှစ် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့အောင်ထားတဲ့ ကျောင်းသား ၅ဝကို ဂုဏ်ထူးတစ်ခု ကျပ်တစ်သိန်းနဲ့ ပညာတော်သင်ဆုတွေ ပေးသွားမယ်လို့ ကျောင်းအုပ်ကြီး ဦးဝင်းထိန်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တိုးတက်နေတဲ့ IT ကဏ္ဍမှာ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံအထိ သွားသင်စရာမလိုဘဲ မြန်မာနိုင်ငံမှာပဲ တက်ရောက်နိုင်တဲ့ အခွင့်အလမ်းဖြစ်တယ်လို့ ပြောပါတယ်။ ပညာတော်သင် လျှောက်ထားလိုတဲ့ကျောင်းသားတွေ ဇွန် ၃ဝနောက်ဆုံးထား လျှောက်ရမှာဖြစ်ပြီး သင်တန်းကြေးက ကျပ် ၁၅သိန်းဖြစ်ပါတယ်။
HDN Diploma in Computing (UK) ဟာ QCF Level 5 အဆင့်ရှိပြီး B.Sc. (Hons) Computing တက်ရောက်လိုသူတွေက နိုင်ငံတကာတက္ကသိုလ်တွေမှာ နောက်ဆုံးနှစ်တစ်နှစ်ပဲ ဆက်တက်ပြီး ဒီဂရီရ နိုင်တယ်လို့ ဆိုပါတယ်။ QCF Level 3 အဆင့်ကတော့ ဆယ်တန်းမအောင်သေးတဲ့ ကျောင်းသားတွေ တက်နိုင်ပြီး ၁ဝကြာမယ်လို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ