အွန်လိုင်းပေါ် သင့်တော်တဲ့လူ ဘယ်လိုရှာကြမလဲ
ယခုခေတ်မှာ အွန်းလိုင်းဝန်ဆောင်မှုကနေ တဆင့် ချစ်သူရှာရတာ သာမန် လိုဖြစ်နေပါပြီ။ အမှန်ဆိုရရင် လွန်ခဲ့တဲ့သုံးနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ချစ်သူစုံတွဲငါးတွဲထဲတွင် တစ်တွဲဟာ အွန်လိုင်းကနေတဆင့်တွေ့ ကြတယ်လို့ မကြာသေးခင်က ပြုလုပ်တဲ့စစ်တမ်းတစ်ခုက ဆိုပါတယ်။
ပိုပြီးအံ့သြစရာကောင်းတဲ့အရာက အွန်းလိုင်းကနေထက် အရက်ဆိုင်၊ ကလပ်(သို့) တခြားလူမှုရေးကိစ္စရပ် တစ်ခုခုကနေ တွေ့ကြတဲ့ ချစ်သူစုံတွဲ ကနှစ်ဆများနေတယ် လို့ဆိုပါတယ်။
အကြောင်းအရင်းကတော့ ရှင်းရှင်းလေးပါ။ ဒီနည်းလမ်းက အဆင်ပြေနေလို့ပေါ့။ယနေ့ခေတ်မှာ အွန် လိုင်းပေါ် ချိန်တွေ့ခြင်းဟာ အတော်လေးဖွံ့ဖြိုးတွင်ကျယ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ တယ်။သင်မလုပ် ကြည့်သေး ဘူးဆို အွန်လိုင်းချိန်တွေ့ ၀န်ဆောင်မှု ဘယ်လောက်ကြပ်သိပ်ပြီး အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ အံ့သြတကြီး တွေ့နိုင်ပါလိမ့်မယ်။
အထူးသဖြင့် ၀န်ဆောင်မှုကုမ္ဗဏီတစ်ခု ဖြစ်တဲ့ Match.com pre-eminant အွန်လိုင်းချိန်တွေ ၀န်ဆောင်မှု အဖြစ် ရောက်ရှိလာခဲ့ပါတယ်။
ဒါဆိုရင် ဘာကြောင့် ထက်မြတ် အောင်မြင်နေတဲ့လူတွေ ဒီနေ့အွန်လိုင်းမှာ ချိန်တွေ့နေကြတာလဲ။
ပထမဦးဆုံးအနေနဲ့ အွန်လိုင်းချိန်းတွေ့ ခြင်းက တစ်စုံတစ်ယောက်အတွက် အချိန်ပေးမပေးသင့် ဆုံးဖြတ် ချက်မချခင် သူ့အကြောင်းအနည်းအကျဉ်း သိစေတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာ ချင်းဆိုင် မတွေ့ဆုံခင် အွန်လိုင်းကနေ စကားအရင်ပြောတာက သူနဲ့ပထမဦးဆုံးအကြိမ်တွေ့ရာမှာ ကြုံရ မယ့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့နည်းစေတယ်လို့ လေ့လာချက်ကနေ သက်သေပြ ခဲ့ပါတယ်။
အွန်လိုင်းချိန်တွေ့ခြင်းက မချိန်းတွေ့ခင် ဖြစ်လာတတ်တဲ့ အန္တရာယ် ပြသာနာ တွေကို သိရှိသတိပြုမိစေ တယ်။ တစ်စုံတစ်ယောက်နှင့် ပတ်သက်မှုရခဲ့ပြီး သင့်အတွက် အဖော်ကောင်းတစ်ယောက် တကယ်ဖြစ် တယ် ဆိုတာတော့ အသေအချာတွေ့ရတယ်။
နောက်ပြီး တချို့တွေ ထင်ကောင်းထင်နိုင်တဲ့အချက်ရဲ့ဆန့်ကျင်ဘက်က ယျေဘုယျအနေနဲ့ လူုတွေဟာ အွန်လိုင်းပေါ်ဆိုရင် ရိုးသားကြတယ်လို့ သုသေသနက ပြသခဲ့တယ်။
၁၉၉၅ ခုနှစ်ကစတင် တည်ထောင်ခဲ့တဲ့ ၎င်းဝန်ဆောင်မှုဦးဆောင်တဲ့ Match.com စိတ်ကူးယဉ်ဆန်ဆန်အ ချစ်ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်အောင် အထူးလုပ်ဆောင်ပေးပါတယ်။
ယခုနှစ်ပေါင်းများစွာကြာသည်အထိ သူတို့ဟာ အချစ်အောင်ဘာလေကို ဆွတ်ခူးရရှိစေဖို့ နည်းလမ်းအသစ် သစ်တွေ ရှာဖွေပေးလျက်ရှိနေပါတယ်။
Trend Myanmar

မှတ်ချက်များ