လေနဲ့မောင်းမည့် ကား မကြာမီ သုံးနိုင်တော့မည်


ပြင်သစ်အခြေစိုက် Peugeot ကားကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင်နှင့် အကိုက်ညီဆုံးဟု ဆိုနိုင် သည့် လေနဲ့မောင်းမည့် ကားကို စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Peugeot ၂၀၀၈ Hybrid Air ဟု အမည် ပေးထားသည်။ လက်ရှိတွင် သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတ အဖြစ်ဆုံး အစိမ်းရောင် ကားများအဖြစ် နာမည်ကျော်နေသော သမားရိုးကျ အင်ဂျင်နှင့် လျှပ်စစ်အင် ဂျင် ပေါင်းထားသော ကားများထက်ပင် ယခုလေစွမ်းအင် သုံးကားက ကမ္ဘာကြီးနဲ့ ပိုသဟဇာတ ဖြစ်ဦး မည် ဖြစ်သည်။

ကားမောင်းနေစဉ် လေများကို ကားရှေ့ဖုံးအတွင်း စလင်ဒါထဲသို့ သွင်းမည် ဖြစ်သည်။ ဓာတ်ဆီ အင်ဂျင်မှ ထွက်လာသော ပိုလျှံစွမ်းအင်၊ ဘီးလည်ပတ်ရာမှ ထွက်လာသော ပိုလျှံစွမ်းအင်၊ ဘရိတ်နင်းရာမှ ထွက် လာသော ပိုလျှံစွမ်းအင်များဖြင့် စလင်ဒါထဲက လေကို တွန်းထိုးကာ ဖိအားမြင့်လေကို ထုတ်ပေးမည် ဖြစ် သည်။ ထိုလေ၏ ဖိအားက ဟိုက်ဒရောလစ် မော်တာကို လည်ပတ်စေ ခြင်းနည်းဖြင့် ကားကို လေစွမ်းအင် သုံးကာ မောင်းနှင်နိုင်မည် ဖြစ်သည်။ ကားတွင် ဓာတ်ဆီအင်ဂျင် တစ်လုံးလည်း တွဲပါမည်ဖြစ်ပြီး နှစ် မျိုးပေါင်းသုံးနိုင် သလို တစ်မျိုးစီ သုံးပြီးလည်း အဆင်ပြေသလို မောင်းနိုင်မည် ဖြစ်သည်။

ကားသည် (၄၃) မိုင်အောက် သွားနေသည့် အချိန်မျိုး၊ မြို့တွင်း၌ ပုံမှန် မောင်းနှင်သည့် အခါမျိုးတွင် လေ အင်ဂျင်ဖြင့် အလိုလျောက် မောင်းနှင်မည် ဖြစ်ပြီး၊ ထို့ထက်အရှိန်မြှင့် မောင်းနှင်ပါက ပိုအားကောင်းစေရန် အတွက် ဓာတ်ဆီအင်ဂျင်သို့ အလို လျောက်ပြောင်းကာ မောင်းနှင်သွားမည် ဖြစ်သည်။ တောင်တက်တောင် ဆင်းများတွင်မူ လေအင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးပေါင်း မောင်းနှင်ခြင်းဖြင့် ကားသည် ရုန်းအား ပိုကောင်းကောင်း သွားနိုင်မည်ဖြစ်သည်။ ခရီးဝေးကို မိုင်နှုန်းမြင့်မြင့် မောင်းလိုပါက ဓာတ်ဆီအင် ဂျင်ဖြင့် မောင်းနှင်လျှင် သင့်တော်ကြောင်းလည်း သိရသည်။

ကားကို ၂၀၁၆ ခုနှစ်ခန့်တွင် စတင် ရောင်းချနိုင်ဖွယ် ရှိပြီး၊ ဒေါ်လာ (၂၇၀၀၀) ၀န်းကျင် ကျသင့်နိုင်ကြောင်း သိရသည်။



The Messenger

မှတ်ချက်များ