ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မြေပြိုမှုများဖြစ်

ဒီရက်ပိုင်းတွေအတွင်း ဂျပန်နိုင်ငံကို ၀င်ရောက်နေတဲ့ နီယိုဂူရီ တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာ သွန်းနေပါတယ်။

ဇူလိုင် ၉ ရက်နေ့က ဂျပန်နိုင်ငံအလယ်ပိုင်းက နာဂီ ဆိုမြို့မှာ မြေပြိုမှု ဖြစ်ပွားပြီး ၁၂ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဂျပန်တနိုင်ငံလုံးမှာ သေဆုံးသူ ၃ ဦး ရှိသွားပြီး ဒဏ်ရာရသူ စုစုပေါင်းလည်း အယောက် ၅၀ ရှိနေတယ်လို့ ဆိုပါတယ်။

နာဂီဆိုမြို့တော်ဝန်က ဇူလိုင် ၁၀ ရက်နေ့မှာ မိုးသည်းထန်မယ်လို့ တွက်ခဲ့ပေမယ့် ဇူလိုင် ၉ ရက်နေ့မှာ မမျှော်လင့်ပဲ မိုးရေချိန် ၂ ဒသမ ၈ လက်မ ရွာခဲ့တာကြောင့် အခုလို မြေပြိုမှု ဖြစ်ခဲ့တာလို့ ပြောဆိုပါတယ်။

နီယိုဂူရီ မုန်တိုင်းကို စူပါမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပေမယ့် ဂျပန်ကျွန်းတွေကို ၀င်ရောက်ချိန်ကစပြီး မုန်တိုင်းအဆင့် ၃ ကို လျော့ချခဲ့ပါတယ်။ ဒါပေမယ့်လည်း လေပြင်း တိုက်ခတ်လျက်ရှိပြီး မိုးသည်း ထန်နေတာကြောင့် ဂျပန်နိုင်ငံတ၀န်း ရာနဲ့ ချီတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ရှင်ကန်ဆန် ကျည်ဆန်ရထားခ ရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

DVB

မှတ်ချက်များ