![]() |
| စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ – ရိုက်တာ) |
တောင်ကုတ်မြို့ လူသတ်မှုနဲ့ ပတ်သက်လို့ သံတွဲခရိုင်တရားရုံးက သံသယနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၇ ဦးကို ပြီးခဲ့တဲ့ မေလကုန်မှာ လူသတ်မှု၊ ကြံစည်မှုနဲ့ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို မကျေနပ်လို့ တရား ခံတွေက ရခိုင်ပြည်နယ် လွှတ်တော်မှာ ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့ ပြင်ဆင်မှု လျှောက်လဲ ချက်ပေးခဲ့တာပါ။
တရားခံ ၆ ဦးအတွက် ရှေ့နေ ဒေါ်အေးနုစိန်က လျှောက်လဲချက်ပေးခဲ့ပြီး ကျန်တဦးအတွက် ရှေ့နေ ဦးကျော်ညွန့်မောင်က လျှောက်လဲခဲ့ပါတယ်။
ဒေါ်အေးနုစိန်က “၃၀၂/၃၄ (ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှု) အကြံအစည်တခုနဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ကျမအမှုသည်တွေဟာ မပေါ်ပေါက်ဘဲနဲ့ ဒါကို ဖြေရှင်းပါဆို တာမျိုးကတော့ ဥပဒေနဲ့ မညီပါဘူးဆိုပြီးတော့ စွဲချက်ကို ပယ်ဖျက်ပေးဖို့ ကျမက လျှောက်ထားခဲ့တာပါ” လို့ ပြောပါတယ်။
ပြည်နယ်တရားလွှတ်တော်က သီတင်းတပတ် သို့မဟုတ် ၁၀ ရက်အတွင်း အမိန့်ချမှတ်ပြီး စီရင်ချက် ထုတ်ပြန်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက်ဖမ်းဆီးရုံး တင်ခဲ့တာဖြစ်သလို တနှစ်နီးပါးစစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည်ဖြစ်ခဲ့ကြရပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။
အေးနိုင် | DVB

မှတ်ချက်များ