ဝေဟင် နတ်သမီး လေယာဉ်မယ် ရွေးချယ်ပွဲ သြဂုတ်လတွင် ကျင်းပ ပြုလုပ်မည်

Nok Airlines မှ စီစဉ်သည့် ဝေဟင် နတ်သမီး လေယာဉ်မယ် ရွေး ချယ်ပွဲကို သြဂုတ်လ ၉ရက်နှင့် ၁ဝရကတို့်တွင် ချက်ထရီယမ်ဟို တယ် ၌ ကျင်းပ ပြုလုပ်မည်ဟု MICV (Myanmar index credit village) ၏ sale& marketing မှ Susan Lu Jar က မဇ္ဈိမကို ပြော သည်။

“Nok ဆိုတဲ့ စာလုံးကို လူတွေက သိပ်မသိကြဘူး။ အဲဒါကို လည်း ကြော်ငြာချင်တာကြောင့် ဒီအစီအစဉ်ကို စလုပ်ဖြစ်တာပါ” ဟု၎င်း က ပြောသည်။

Nok Airlines မှ စီစဉ်သည့် ဝေဟင် နတ်သမီး လေယာဉ်မယ် ရွေး ချယ်ပွဲ အတွက် လျှောက်လွှာများကို ဇူလိုင် ၁ရက်နေ့မှ ၁၉ရက်နေ့ အထိ ထုတ်ယူနိုင်ပြီး လူရွေးချယ်ပွဲကို သြဂုတ် ၉ရက်နှင့် ၁ဝရက် တို့တွင် ချက်ထရီယမ် ဟိုတယ်၌ ကျင်းပ ပြုလုပ် မည် ဖြစ်သည်။

ဝေဟင် နတ်သမီး လေယာဉ်မယ် ရွေးချယ်ပွဲ အတွက် လျှောက်ထားသူသည် အသက် ၂ဝနှင့် ၂၅ကြား ရှိရမည် ဖြစ်ပြီး အရပ် ၅ပေ ၃လက်မနှင့် အထက် ရှိရမည် ဖြစ်သည်။ ဘွဲ့လက်မှတ် အထောက်အထားများ ယူဆောင် လာရမည် ဖြစ်ပြီး ရေကူး ကျွမ်းကျင်ရမည် ဖြစ်သည်။

အင်္ဂလိပ် ၊ မြန်မာ ဘာသာ စကား အပြင် တခြား ဘာသာ စကား တစ်မျိုးကိုလည်း တတ်ကျွမ်းရမည် ဖြစ် သည်။ ကျန်းမာရေး ကောင်း မွန်သူ ဖြစ်ပြီး အရောင်များကို မှန်ကန်စွာ ခွဲခြား သိမြင်နိုင်သူ ဖြစ်ရမည် ။ ကိုယ်ပိုင် အနုပညာ လက်ရာတွေ ဖန်တီးနိုင်ရမည့် အပြင် ဖော်ရွေ ပျူငှာပြီး ခေါင်းဆောင်မှု စွမ်းရည် ပြည့်ဝ သည့် ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သည့် အချက်များနှင့် ကိုက်ညီ ရမည် ဖြစ်သည်။

လာရောက် လျှောက်ထား သူများထဲမှ ပဏာမ ၁ဝဦး ရွေးချယ်မည် ဖြစ်ပြီး ယင်း ၁ဝဦးသည် သြဂုတ် ၁၈ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်တွင် တစ်လ ခရီးစဉ် အဖြစ် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဝေ ဟင် နတ်သမီး နောက်ဆုံး ရွေးချယ်ခြင်း ကို စက်တင်ဘာ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Nok Airlines အတွက် လေယာဉ်မယ်တစ်ဦး အဖြစ် ရွေးချယ် ခံရသူသည် ဆုငွေ ကျပ် သိန်း ၁၅ဝ အပြင် Nok Airlines နှင့် အလုပ် လုပ်ကိုင်ခွင့် ရမည် ဖြစ်ပြီး နှစ်နှစ် စာချုပ် ဖြင့် စတင် အလုပ်လုပ်ကိုင် ရမည်ဖြစ် သည်။ ဝေဟင် နတ်သမီး ရွေးချယ်ပွဲကို Channel 7 မှ အောက်တိုဘာလတွင် တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

mizzima

မှတ်ချက်များ