အမေရိကန် သမ္မတလောင်း ဘယ်သူတွေ ဖြစ်လာမလဲ
သမ္မတအိုဘားမား၏ ဒုတိ ယသမ္မတသက်တမ်းအပြီး အမေ ရိကန်သမ္မတအသစ် ရွေးကောက် ပွဲကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။ သို့သော် လည်း ယခုအချိန်ကတည်းကစပြီး ဒီမိုကရက်တစ်နှင့် ရီပက်ဘလေ ကန် ပါတီကြီးနှစ်ခုဆီမှာ သမ္မတ လောင်းအဖြစ် ပါဝင်ရွေးခံရမည့် သူများက တိုးတိုးကျိတ် ကျိတ်နှင့် ပြင်ဆင်နေကြပါပြီ။ ၂၀၁၄ နှစ် ကုန်ပိုင်းခန့်တွင် မည်သူတွေ ပါဝင်ယှဉ်ပြိုင်မည်ဆိုသည်ကို တရား ၀င်ကြေညာရတော့မည်ဖြစ်သည်။ထို့နောက်တွင် ကိုယ်စားလှယ်လောင်းများကလည်း အင်အား သုံး ပြီး ရွေးကောက်ပွဲ မဲဆွယ်မှုကိုအကြိတ်အနယ်ယှဉ် ပြိုင်ရတော့မည်ဖြစ်သည်။
ပါတီတွင်းကိုယ် စားလှယ်အချင်းချင်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပထမယှဉ်ပြိုင်ရမည်ဖြစ် သည်။ယင်းမှ ရွေးချယ်ခံရသူများက သမ္မတရာထူးနေရာအတွက် အတိုက်အခံပါတီကိုယ်စားလှယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းတို့က သမ္မတဖြစ်ချင်သည်ဟု ပြောသောအခါ အချို့သောသူများက ရယ်ပွဲဖွဲ့ကြသည်။ ဒီမိုကရေစီအစစ်အ မှန်ရှိသော အ မေရိကလို နိုင်ငံမျိုးမှာတော့ ထို ကဲ့သို့ ပြောကြားမှုများက အဆန်း မဟုတ်၊ ဟာသလည်း မ ဟုတ်။ နိုင်ငံရေးသမားဆိုတာ လွှတ်တော် ထဲဝင်ရောက်လာကတည်းက သမ္မတဖြစ်ရန်၊ နိုင်ငံတော်ကို အုပ်ချုပ်ရန်ဖြစ်သည်။ တချို့ဆိုလျှင် ငယ်စဉ်ကတည်းက ရည်မှန်းချက် ကြီးစွာဖြင့် သမ္မတဖြစ်ရန် ပုံသွင်း အားထုတ် ကြိုးပမ်းခဲ့ကြသည်။
အထူးသဖြင့် အမေရိကန်သမ္မတ ဟောင်းကနေဒီတို့ မိသားစုဆို လျှင် ငယ်စဉ်ကတည်းက မိသား စုဝင် သား ယောက်ျားလေးများကို သမ္မတဖြစ်ရန် ပုံသွင်းထူထောင် ခဲ့သူများအဖြစ် နာမည်ကြီး၏။ ယခုဆိုလျှင် ကနေဒီမိသားစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သော ဂျိုးကနေဒီမှာ နောင်တစ်ချိန် သမ္မတဖြစ်ရန် မက်ဆာချူး ဆက်ပြည် နယ် အောက်လွှတ်တော် အမတ် အဖြစ် စတင်လေ့ကျင့်ပြင်ဆင်နေပါသည်။
ဒီမိုကရေစီနိုင်ငံများတွင် တော့ နိုင်ငံအတွက် တာဝန်ထမ်း ဆောင်လိုသူတိုင်း သမ္မတဖြစ်ချင် သည်။ နိုင် ငံရေးသမားတိုင်း သမ္မ တဖြစ်ချင်ကြောင်းကိုလည်း ပေါ် ပေါ်ထင်ထင်ပြောကြ၏။ မလွှဲ သာမရှောင်သာ ၍ နိုင်ငံတော် အာဏာကို ယူရသည်ဟုလည်း မပြောကြ။ သမ္မတအဖြစ်လည်း လေးနှစ်သက်တမ်း နှစ်ကြိမ်။ အ လွန်ဆုံး ရှစ်နှစ်သာ တာဝန်ယူခွင့် ရ၏။ မည်မျှပင် ထူးချွန်ပါစေ။ တော်ပါစေ တစ်သက်လုံးလည်း အာဏာ ကိုဆုပ်ကိုင်ခွင့် မရရှိကြ။
အမေရိကန်ပြည်ထောင်စု မှာတော့ ဆင်းရဲချမ်းသာမရွေး အ သိုင်းအ၀ိုင်းအရည်အချင်းရှိပြီး ကြိုးစားသူတိုင်း သမ္မတဖြစ်ခွင့်ရှိ သည်။ သမ္မတတစ်ယောက်ဖြစ် ရန် သတ်မှတ်ထားသည့် အရည် အချင်းက အမေရိကန်နိုင် ငံတွင် မွေးဖွားရမည်။ ပြီးတော့ နိုင်ငံတွင်အနည်းဆုံး ၁၄ နှစ်ဆက်တိုက်နေထိုင်ရမည်။ အသက် (၃၅) နှစ်ပြည့်ရမည်။
ထိုသူများသည် လူထုသဘောကျပြီး ရွေးကောက်တင်မြှောက်လျှင် သမ္မတဖြစ် ခွင့်ရှိသည်။ ထို့ကြောင့် ဆင်းရဲသော သစ်ခုတ်သမား အေဘရာဟမ် လင်ကွန်းသည်လ ည်းကောင်း၊ သူ ကိုယ်ဝန်ရှိစဉ်ကတည်းက ဖခင်ဖြစ်သူကားမှောက် သေဆုံးခဲ့ပြီး သူနာပြုဆရာမ မိခင်နှင့်သာကြီးလာသည့် ဘီလ်ကလင်တန်သည် လည်းကောင်း၊ ဟာဝိုင်အီမှာ မွေးဖွားခဲ့သည့် အာဖရိကန် အမေရိကန်နွယ်ဖွား အိုဘားမားသည် လည်းကောင်း သမ္မတဖြစ်လာသည်။ ထို့အတူ ရေနံလုပ်ငန်းရှင် သူဌေးသား ဂျော့ဒဗလျူဘုရှ်၊ မက်ဆာချူးဆက်ပြည်နယ်က ချမ်းသာသည့် သူဌေးသားကနေဒီ၊ ရုပ်ရှင်မင်းသားဟောင်း ရေဂင် တို့သည်လည်း သမ္မတများဖြစ်လာခဲ့သည်။ မည်သူပင်ဖြစ်စေ အရည်အချင်းရှိဖို့သာလိုသည်။ စိုင်ကော်၍ ချုံပေါ် ရောက်လာသူများမဟုတ်။ ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သူများ မပါ။ တစ်ဦးချင်းစီ၏အရည်အ ချင်းနှင့် ပြည်သူထောက်ခံရွေးချယ်မှုဖြင့်သာ သမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် သမ္မတရွေး ကောက်ပွဲအတွက် သတင်းကြီး သည့် သမ္မတလောင်းကတော့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်ဖြစ်၏။ စစ်တမ်း အရလည်း လူကြိုက်များ၏။ သို့ သော်လည်း သူက အရွေးခံမည် ဟု အပြတ်မပြောသေး။ ၂၀၁၄ နှစ်ကုန်မှသာ ကြေညာမည်ဟု ပြောထားသည်။ သူ ၂၀၀၈ ခုနှစ် ပါတီတွင်း သမ္မတလောင်းရွေး ကောက်ပွဲမှာ သမ္မတအိုဘားမား ကို ရှုံးခဲ့ဖူးသည်။ နိုင်ငံခြားရေးဝန် ကြီးအဖြစ်လည်း အောင်မြင်မှု ရ ထားသည်။ အကယ်၍ သမ္မတ လောင်းဝင်ပြီး ရှုံးနိမ့်ခဲ့ပါက နှစ်ခါ နာဖြစ်နိုင်သည်။ ထို့ကြောင့် ဟီ လာရီက ပြတ်ပြတ်သားသား မ ပြောသေးဘဲ စဉ်းစားနေဆဲဖြစ် သည်။
ဟီလာရီနည်းတူ ဒီမိုကရက် တစ်ပါတီမှ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရန် ဖြစ်နိုင်သူက လက်ရှိ သမ္မတအို ဘားမား၏ ဒုတိယသမ္မ တ ဂျိုးဘစ်ဒန်ဖြစ်သည်။ သူက လက်ရှိသမ္မတမို့ ဆောင်ရွက်ချက် တွေကလည်း အားကောင်းသည်။ ယခင်ကလည်း အမေရိကန်နိုင်ငံ ခြားရေးကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသည်။ သူက ဟီလာရီကို ယှဉ် နိုင်သည့် အနေအထားမှာ ရှိသည်။ ပန်ဆာဗေးနီးယားပြည်နယ်သား ဗိုက်ဒင်က အခွန်ငွေ လျှော့ပေါ့ ခြင်း၊ အလုပ်အကိုင်မရှိသူများ အတွက် အာမခံကိစ္စ ပြဿနာများ ကို အောင်မြင် စွာညှိနှိုင်းဆောင် ရွက်သူအဖြစ် နာမည်ရထား သည်။
ထို့အတူ လက်ရှိ သမ္မတ အို ဘားမား၏ အကြံပေးပုဂ္ဂိုလ်အ ဖြစ် ဆောင်ရွက်နေသူ အယ်လဇ ဘက်ဝါရင်း ဆိုသည့် အမျိုးသမီး ကလည်း ခေသူမဟုတ်။ မက်ဆာ ချူးဆက်ပြည်နယ်မှာ ရီပက်ဘ လေကန်တွေကို အနိုင်ယူခဲ့သူဖြစ် သည်။ ဒီမိုကရက်တစ်ပါတီက ဖြစ်နိုင်ခြေရှိသော ကိုယ်စားလှယ် လောင်းစာရင်းတွင် ပါဝင်သည်။ သူက ၂၀၁၂ ခုနှစ် ဒီမိုကရက်တစ် ပါတီညီလာခံတွင် အထူးနေရာ ပေးခံရသူဖြစ်သည်။ တိုင်းမ်မဂ္ဂ ဇင်း၏ ကမ္ဘာမှာ သြဇာတိက္ကမအ ကြီးဆုံး အမျိုးသမီးတစ်ရာတွင် လည်း ပါဝင်ခဲ့သူဖြစ်သည်။
အမေရိကန်မှာ လူဦးရေအ များဆုံးဖြစ်သည့် စပိန်လူမျိုးတွေ ၏ မဲပေးထောက်ခံမှုကို ရရှိထား သည့် စပိန်လူမျိုး လွှတ်တော်အ မတ် ဂျူလီယန်ကတ်စထိရိုက လည်း ထိပ်တန်းစာရင်းထဲမှာ ရောက်နေသည်။ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်ဖြစ်ဖို့ သ တင်းပြေးနေသူထဲမှာပါသည်။
သူက ရွှေ့ပြောင်းအခြေချလာသူများအရေးကို ထိထိရောက်ရောက် ဆောင်ရွက်ထားသဖြင့် ရွှေ့ပြောင်း အခြေချသူတို့၏ မဲရရန် အလား အလာကောင်းသည်။ အိုဘားမား ကဲ့သို့ အာဖရိကန်အမေရိကန်လူ မျိုးတစ်ဦး သမ္မတဖြစ်ပြီးသွားပြီမို့ ယခုအခါ အမေရိကန်ဖွား စပိန် လူမျိုးတစ်ဦးကလည်း သမ္မတဖြစ် ရန် အခွင့်အရေးများ ရှိလာနိုင်ပြီ။
အတိုက်အခံ ရီပက်ဘလေ ကန်ဘက်ကို ကြည့်လျှင် ရှေးရိုးစွဲ ၀ါဒီတွေဖြစ်သော်လည်း ငွေကြေး ချမ်းသာသူတွေ များသူ ရီပက်ဘ လေကန်ပါတီဝင် သမ္မတလောင်း များကိုလည်း လျှော့တွက်၍ မရ ပါ။ သမ္မတဘုရှ်ပင် သက်တမ်း နှစ်ကြိမ်စလုံး အနိုင်ရခဲ့သည်။
ရီ ပက်ဘလေကန်ပါတီဝင်များက ရွေးကောက်ပွဲတွင် ငွေကြေးအ လုံးအရင်း သုံးစွဲနိုင်သူတွေ ဖြစ် သည်။ အင်အားကြီးသည့် အ တိုက်အခံပါတီဖြစ်သည်။
ရီပက်ဘလေကန် သမ္မတ လောင်းအဖြစ် နာမည်ကြီးသူက တက္ကဆက်ပြည်နယ် လွှတ်တော် အမတ်မင်း တာဒ်ခရုစ်ဖြစ်၏။ သူ ကလည်း တက္ကဆက်မှာ လူကြိုက် များ ထင်ရှားသူဖြစ်သည်။
နောက်တစ်ဦးမှာ နယူးဂျာ ဆီပြည်နယ်က လွှတ်တော်အ မတ် ခရစ်ခရစ်တီဖြစ်သည်။ သူ က ရီပက် ဘလေကန်ပါတီမှာ နာ မည်ကြီးလူကြိုက်များ၏။ ရှေးရိုး စွဲတွေကလည်း သူ့ကို ထောက်ခံ သည်။ ၂၀၀၉ ခုနှစ် ရီပက်ဘလေ ကန်ပါတီသမ္မတလောင်းအဖြစ် ရွေးခံရသော ဂျွန်နီကလည်း သူ့ ကို အလွန်သဘောကျ ခဲ့သဖြင့် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ စဉ်းစားခံခဲ့ရသူဖြစ်သည်။ နောက်မှ သူက ဆန်ဒီမုန်တိုင်း ကယ်ဆယ်ရေးတွင် သမ္မတ အိုဘားမားကို အမှတ်ရအောင် ကူညီပေးသူအဖြစ် ရွန်နီက ပယ်ခဲ့တာဖြစ်သည်။
နောက်ထပ် ရီပက်ဘလေ ကန်ပါတီက ဖြစ်နိုင်ခြေကိုယ်စား လှယ်လောင်းကတော့ သူဌေးသား တစ်ဦးနဲ့ မျိုးရိုးဂုဏ်အားကိုးယှဉ် မည့်သူဟု ပြောရမည်။ သမ္မတ ဂျော့ခ်ျအိတ်ခ်ျဘုရှ်၏သား သမ္မ တ ဂျော့ဒဗလျူဘုရှ် ၏ညီ ဂျက်ဘ် ဘုရှ်ဖြစ်သည်။ သူက ဖလော်ရီဒါ ပြည်နယ်က အုပ်ချုပ်ရေးမှူး ဖြစ် သည်။ မိသားစုအစဉ်အ လာရှိသ လို ပါတီအတွင်းမှာလည်း လူ ကြိုက်များသည်။ သို့သော် တချို့ ကတော့ သမ္မတ ဘုရှ်တွေ တော် ပါတော့ကွာဟု ပြောဆိုကြသည်။
မည်သူပင်ဖြစ်စေ ကမ္ဘာမှာ စီးပွားရေး၊ နိုင်ငံရေး မဟာအင် အားကြီးနိုင်ငံဖြစ်သည့် အမေရိ ကန်သမ္မ တ ရွေးကောက်ပွဲကို မြန် မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်း လုံးက စိတ်ဝင်စားသည်။ သမ္မတ သစ်၏ မူဝါဒနှင့် အုပ်ချုပ်မှုသည် အမေရိကန်နှင့် ဆက်စပ်ပတ် သက်နေသော နိုင်ငံငွေအတွက် စိတ်လှုပ်ရှား မျှော် လင့်စရာ ဖြစ်ပါသည်။
7day
မှတ်ချက်များ