ကျင်းထုံခြင်ဆေးခွေ ရောင်းချမှုအား လိုက်လံစစ်ဆေး


မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့ပေါ်ရှိ စတိုးဆိုင်များတွင် တရုတ်ပြည်မှ တရားမဝင်တင်သွင်းရောင်း ချနေသော ကျန်းမာရေးအန္တရာယ်ရှိသည့် ကျင်းထုံခြင်ဆေးခွေများ ရောင်းချနေခြင်းရှိမရှိ ဇူလိုင်၁၆ရက်က အဖွဲ့နှစ်ဖွဲ့ဖြင့် လိုက်လံစစ်ဆေးနေသည်ဟု စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။


“ကျင်းထုံခြင်ဆေး ရောင်းတာတွေ့ရင် သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးပစ်မှာပါ။ မရောင်းဖို့လည်းသတိပေး မှာပါ” ဟု စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။

ကျင်းထုံခြင်ဆေးခွေမှာ ခြင်အားသေစေသည့်အပြင် လူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့် ဓာတုဆေးများ ထည့်သွင်းထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆိုင်မှာ အရင်ကရောင်းသေးတယ်။ ကျင်းထုံမှာ ကျန်းမာရေးအန္တရာယ်ရှိတယ်လို့ သတိပေး ကတည်းက မရောင်းတာပါ” ဟု အောင်လံမြို့ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

၎င်းစစ်ဆေးရေးအဖွဲ့တွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့နှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည်။

ကျင်းထုံခြင်ဆင်းခွေတွင် အဆိပ်ပါဝင်နှုန်း မြင့်မားသဖြင့် အသုံးမပြုရန်လည်း ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၂ရက်က ထုတ်ပြန်ထားသည်။

mizzima









မှတ်ချက်များ