မလေးရှားလေကြောင်း လေယာဉ်တစ်စီး ယူကရိန်းပိုင်နက်တွင် ပစ်ချခံရ ၊ လိုက်ပါလာသူ ၂၉၅ ဦးလုံး သေဆုံး



(REUTERS/Maxim Zmeyev )

နယ်သာလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်းမှ ခရီးသည် ၂၈၀ နှင့် လေ ယာဉ်ဝန်ထမ်း ၁၅ ဦး တင်ဆောင်လာသည့် ဘိုးရင်း ၇၇၇ လေယာဉ် MH-17 သည် ရုရှားနယ်စပ်အနီး ယူက ရိန်းပိုင်နက်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါလာ သူအားလုံး သေဆုံးသွားကြောင်း နိုင်ငံတကာသတင်းဌာနများက အရေးပေါ်ကြားဖြတ်သတင်း အဖြစ် ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ ကြာသပတေးနေ့ညပိုင်းတွင်အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်း လိုင်းက အတည်ပြုထားသည်။ လေယာဉ်မှာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းသည့် လေ ယာဉ်ဖြစ်ကာ နောက်ဆုံးခြေရာခံရသည့် ဆက်သွယ်မှုနေရာမှာ ယူကရိန်း လေပိုင်နက်ထဲတွင်ဖြစ်ကြောင်း ဆိုသည်။

ခရီးသည် ၂၈၀ နှင့် လေယာဉ်မှူးနှင့် ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်မှာ ပစ်ချခံရခြင်ြး ဖစ်ကြောင်း ယူ ကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး အန်တွန်ဂါရာရှန်ကိုက အေပီသတင်းအား ပြောသည်။


မလေးရှားလေကြောင်းလိုင်း MH17 ပျံသန်းရာလမ်းကြောင်းပြမြေပုံ

မလေးရှားလေယာဉ် အပျက်အစီးများ (REUTERS/Maxim Zmeyev)


REUTERS/Maxim Zmeyev)


ရိုက်တာသတင်း၏အဆိုအရလေယာဉ်ကို ရုရှားလိုလားသည့်ခွဲထွက်ရေးသူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဌာနသတင်းကို ကိုးကား၍ ဖော်ပြသည်။

ဂါရာရှန်ကိုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေယာဉ်မှာ အမြင့်ပေ ၃၃,၀၀၀ ခန့်၌ပျံသန်းနေစဉ် Buk လောင်ချာဖြင့်ပစ်သော ဒုံးကျည်ထိမှန်ပြီး ပစ်ချခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုဒုံးပစ်လောင်ချာမျိုးကို ကြာသပတေးနေ့အစောပိုင်းကပင် အေပီသတင်းမှ ဂျာနယ်လစ်များက ယူကရိန်းအရှေ့ပိုင်းမြို့ စနစ်ဇနီအနီးတွင် တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ အကြံပေးပုဂ္ဂိုလ် ဂါရာရှန်ကိုက ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းအား ပြောသည် ။ ­



အပျက်အစီးပုံများကြား အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများကို တွေ့ရစဉ် (REUTERS/Maxim Zmeyev)



လေယာဉ်အစိတ်အပိုင်းတစ်ခုကို ဒေသခံများ ကြည့်ရှုစစ်ဆေးနေစဉ်



မလေးရှားလေကြောင်းလိုင်းလေယာဉ် MH 17 ပစ်ချခံရပြီးနောက် မီးခိုးလုံးများထွက်ပေါ်နေသည် ကို ဒေသခံများ ကြည့်ရှုနေစဉ်

7day

မှတ်ချက်များ