ကလေးတစ်ဦးအား အပေါင်ပစ္စည်းအဖြစ် သံကြိုးဖြင့် ၂နှစ်ကျော် ချည်ထား
ကမ္ဘောဒီးယားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူချေးထားတဲ့ ပိုက်ဆံများအတွက် ကလေးမလေး တစ်ယောက်ကို အပေါင်ပစ္စည်း အဖြစ် ယူထားခဲ့ပါတယ်။ဆက်လက်ပြီး အပေါင်ပစ္စည်းဖြစ်တဲ့ ဒီ ၄ နှစ်အရွယ် ကလေးမလေးကို ၂ နှစ်ဆက်တိုက် အိမ်တိုင်မှာ သံကြိုးနဲ့ ချည်ထားခဲ့တယ်လို့ဆိုပါတယ်။
Kemarak Pumin မြို့အနီးက ရွာတစ်ရွာကို ရဲများနဲ့ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့များရောက်လာ တဲ့အခါ အိမ်ရဲ့ကြမ်းပြင်မှာထိုင်နေတဲ့ ဒီကလေးမလေးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။သူရဲ့ခြေကျင်းဝတ်ကို လည်း သံကြိုးများ ခတ်ထားတယ် လို့ဆိုပါတယ်။
Phnom Penh Post ရဲ့ဖော်ပြချက်အရ တစ်ခါတစ်ခါမှာ ရေအလွန်ဆာတာကြောင့် ကိုယ့်ကျင်ငယ်ရည်ကို ကိုယ်သောက်ခဲ့ရတယ်လို့ ဒီကလေးမလေးက ရဲများကို ပြောကြားခဲ့ပါတယ်။
ကလေးမလေးအမေ က ပိုက်ဆံချေးယူခဲ့တာကြောင့် ကလေးမလေးကို အပေါင်ပစ္စည်းအဖြစ်သိမ်းယူထား တာဖြစ်ပါတယ်။ အပေါင်ခံသူ အမျိုးသမီးကလည်း ကလေးမလေးကို စောင့်ရှောက်ဖို့မဖြစ်နိုင် တာကြောင့် အလုပ်သွားစဉ်မှာ သံကြိုးနဲ့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။
သူမရှိတဲ့အချိန်မှာအိမ်ကထွက်သွားပြီး ရေနစ်တာတွေ၊ ပျောက်တာတွေဖြစ်မှာကြောက်တယ်လို့ဆိုပါ တယ်။မူလမိခင်ကလည်း အရမ်းဆင်းရဲနေတာကြောင့် ပြန်ရွေးဖို့မဖြစ်နိုင်သေးဘူလို့ဆိုပါတယ်။
“ကျွန်မသူ့ကိုချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ အလုပ်သွားတဲ့အခါ သူ့ကိုစောင့်ရှောက်ပေးမယ့်လူလည်း မရှိဘူး လို့” အပေါင်ခံအမျိုးသမီးပြောတဲ့အတိုင်း မိခင်ဖြစ်သူကလည်း ပြောခဲ့ပါတယ်။
ကလေးသူငယ်များကို မမျှမတ ဆက်ဆံအနိုင်ကျင့်မှုဟာ အလွန်အမင်းဆင်းရဲတဲ့ ကမ္ဘောဒီးယားကျေး လက်နေ မိသားစုတွေကြားမှာ သာမန်တစ်ခုလိုဖြစ်နေပါတယ်။
“ကမ္ဘောဒီးယားမှာတော့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းလောက်က ပညာမတတ်ကြပါဘူး။ သူတို့ကလေးတွေကို ဂရုစိုက်ရမယ်ဆိုတာလည်း မသိကြဘူး။ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက တိုင်ကြားတယ်ဆိုတဲ့ အမှု က တော်တော်ရှားပါတယ်”လို့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင်ရှောက်ရေးအဖွဲ့ Adhoc ရဲ့ဥက္ကဥ Chhan Sokunthea က ပြောကြားခဲ့ပါတယ်။
phothutaw

မှတ်ချက်များ