Myanmar in love in Bangkok (မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်း) ရုပ်သံ


မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။ ဇာတ်ကားရဲ့ ထိုင်းနာမည်ကတော့ “รักภาษาอะไร” ဖြစ်ပြီး – “အချစ်ဟာ ဘယ်ဘာသာ စကားလဲ” လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ “အချစ်ရဲ့ ဘာသာစ ကား” ပေါ့။

ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew ၊ ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး ၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါ တယ်။

ဘယ်လိုအချစ်မျိုးလဲ

“ဒိုင်း” ဘန်ကောက်မြို့မှာအလုပ်လုပ်ဖို့လာရောက်ခဲ့တဲ့မြန်မာကောင်လေးတစ်ယောက် ကို သူဟာ *ခေ*ဆို တဲ့တက်တူထိုးတဲ့ကောင်မလေးကိုလာစောင့်ပြီးနီးကပ်တဲ့အခွင့်အရေးရပေမဲ့လဲ ဒိုင်း ဟာသူမရဲ့ဘေးမှာ ရပ်ဖို့မဝင့်မရဲဖြစ်နေတဲ့လူပေါ့ အချစ်ဆိုတဲ့အရာဟာသူတို့နှစ်ဦး ဒိုင်းနဲ့ခေ ကိုလူစိန်းကနေချစ်သူအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်

ရုပ်သံ အမြည်းကိုတော့ အောက်က ဗွီဒီယို မှာ ကြည့်နိုင်ပါတယ်။



ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင်မှာဖြစ် ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ် ပါတယ်တဲ့။ အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံ သားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အ ကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ ဘ၀အကြောင်း တစေ့တစောင်း မေးမြန်းထားသမျှကို လည်း ထူးအိမ်သင်ရဲ့ နောက်ခံသီချင်းနဲ့ တွဲဖက်တင်ဆက်ထားတာကိုလည်း အောက်က ရုပ်သံမှာ ကြည့် ရှုနိုင်ပါတယ်။


Myanmar Picture รักภาษาอะไร / Facebook

မှတ်ချက်များ