မြန်မာနိုင်ငံတွင် သူ ငယ်တန်းတက်ရောက်နေေ သာ ကျောင်းသား ဦးရေ၏ ငါးရာခိုင် နှုန်းသာ တက္က သိုလ်၊ ကောလိပ် များမှ ဒီဂရီဘွဲ့ရရှိနေကြောင်း မြန် မာနိုင်ငံပညာရေး သုတေသန အဖွဲ့ ဦးစီးဌာ န ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမျိုးသိမ်းကြီး က ပြောသည်။
တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် သူငယ် တန်းစတင်အပ်နှံသော ကျောင်းသား ပမာဏ တစ် သန်းကျော် ရှိ သော်လည်း တက္က သိုလ်၊ ကော လိပ်များသို့ ရောက်ရှိလာသည့် ကျောင်းသားဦးရေသည် ၁၀ ရာ ခိုင်နှုန်းသာရှိနေကြောင်း ပညာ ရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး အခြေခံပညာ ကဏ္ဍဆိုင် ရာ နှီးနှောဖလှယ်ပွဲ၌ ၎င်းကပြောသည်။
‘‘တက္ကသိုလ်ရောက်လာတာ ကို ကြည့်လိုက်ရင် ၁၀ ရာခိုင်နှုန်း ပဲ ရှိတော့တယ်။ ၁ ဒသမ ၂ သန်း (သူငယ် တန်း) ရှိတဲ့ ကျောင်းသား ပမာဏသည် တက္ကသိုလ်ကို သွား တာ ဘယ်လောက်ရှိလဲဆိုရင် ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်။ တက္ကသိုလ် တွေထဲမှာလည်း အောင်ချက် ကောင်းတဲ့ တက္ကသိုလ်ဆိုရင် ၈၀ ရာခိုင်နှုန်းပဲ ရှိတဲ့အ တွက် ဘွဲ့ရ သွားဖို့ဆိုရင် ၆၀ ရာခိုင်နှုန်း လောက်ပဲ ရှိမယ်။ ဘွဲ့ရသွားဖို့ ၁၀၀ ရာခိုင်နှုန်းအတွင်းမှာ ငါးရာ ခိုင်နှုန်းလောက်ပဲ ရှိပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။
သူငယ်တန်းအသားတင် ကျောင်းအပ်နှုန်း မြင့်မားနေသော် လည်း အတန်းစဉ်အလိုက် ကျောင်းထွက် မှုနှုန်း မြင့် မားနေ ခြင်းသည် မြန်မာ့ပညာရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကရင် ဆိုင်နေရသော အခက် အခဲတစ် ရပ်ဖြစ်သည်။
အစိုးရသစ်လက်ထက် ပညာ သင်စရိတ်များ ထောက်ပံ့ခြင်း၊ ကျောင်းဝင်ကြေးများ ကောက်ခံမှု ရပ်ဆိုင်းလိုက်ခြင်း အစီအစဉ်တို့ ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်းကျောင်းထွက်နှုန်း မြင့်မားနေ မှုကို လျှော့ချနိုင်မှု မရှိသေးပေ။
‘‘အဆင့်ကူးပြောင်းမှုတွေ၊ ကျောင်းအပ်နှံမှုနှုန်းတွေ၊ ကျောင်း နေမြဲနှုန်းတွေ၊ အတန်းပြီးဆုံးမှု နှုန်းတွေကို ကြည့်လိုက်ရင် ကျွန် တော်တို့ရဲ့ ပညာရေးသည် အောင်မြင်မှုရှိနေတယ်။ ထိထိ ရောက်ရောက် ရှိနေတယ်။ အ ပြင်က ဝေဖန်တဲ့အတိုင်း ဟုတ် တယ်၊ မဟုတ်တယ်ဆိုတာ ဒီအ ချက်အလက်တွေကို ကြည့်လိုက် ရင် သိနိုင်ပါတယ်’’ ဟု ဒေါက် တာမျိုးသိမ်းကြီးက ဆိုသည်။
မြန်မာနိုင်ငံတွင် အရွယ်လွန်နေသော ကလေးငယ်များ၊ ကျောင်းပြင်ပရောက် ကလေး ငယ် များနှင့် ကျောင်းနုတ်ထွက်နေ သော ကလေးငယ်များအရေး ကိစ္စသည် ထောင်စုနှစ်ပညာရေး ပန်းတိုင်ပြည့်မီရန် အဓိကဖြေရှင်း ရမည့် စိန်ခေါ်မှုဖြစ်နေကြောင်း ကုလသမဂ္ဂ၏ ပညာရေးအစီရင် ခံစာ၌ သုံးသပ်ထားသည်။
7 Day

မှတ်ချက်များ