စံချိန်များစွာနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ

ဂျာမနီအသင်း၏အဖိုးတန်အနိုင်ဂိုးရှင် ဂေါ့ဇီ(Photo:AFP)
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် ဂျာမနီအသင်းသည် တောင်အမေရိကမြေတွင် ပထမဆုံးချန်ပီယံဖြစ်ခဲ့သည့် ဥရောပအသင်းအဖြစ် မှတ်တမ်း ၀င်သွားခဲ့ပြီး အခြားစံချိန်သစ်နှင့် စံချိန်တူလိုက်နိုင်ခဲ့မှုများစွာရှိခဲ့သည်။

အနိုင်ဂိုး သွင်းခဲ့သည့် ဂေါ့ဇီမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲများတွင် လူစားဝင်ကာအနိုင်ဂိုးသွင်း နိုင်သည့် ပထမ ဆုံး က စားသမားဖြစ်ခဲ့သည့်အပြင် ၁၉၆၆ ဗိုလ်လုပွဲတွင် အင်္ဂလန်ဘက်သို့ ဂိုးတစ်ဂိုးသွင်းခဲ့သည့် နောက် ခံလူ ၀ုလ်ဖ်ဂန်းဝက်ဘာနောက်ပိုင်း အသက်(၂၂)နှစ်၊ (၃၉)ရက်ဖြင့် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် အသက်ငယ်ဆုံးဖြစ်လာခဲ့သည်။

ဂျာမနီအသင်း၏ ယခုပြိုင်ပွဲတွင်သွင်းယူခဲ့သည့် စုစုပေါင်းသွင်းဂိုး(၁၈)ဂိုးသည် ၂၀၀၂ခုနှစ်က ပြိုင်ပွဲတစ်ခု တည်းတွင် အများဆုံး ဂိုးသွင်းယူနိုင်သည့်အသင်းအဖြစ် စံချိန်တင်ထားသည့် ဘရာဇီးလ်နှင့် စံချိန်တူ လိုက်နိုင်ခဲ့သည်။ ထို့ပြင် ဂျာမနီအသင်း၏အောင်မြင်မှုမှာ ဥရောပတိုက်အနေဖြင့် ချန်ပီယံဆုကို (၃)ကြိမ် ဆက်ရရှိခြင်းဖြစ်ပြီး ယင်းမှာ ဒေသတစ်ခုတည်းအနေဖြင့် စံချိန်သစ်ဖြစ်ခဲ့သည်။ ထို့ပြင် ဘရာဇီးလ် ကမ္ဘာ့ဖ လားတွင် သွင်းဂိုးပေါင်း(၁၇၁)ဂိုးရှိပြီး ယခင်အများဆုံးစံချိန်တင်ထား သည့် ၁၉၉၈ ကမ္ဘာ့ဖလားနှင့် တူညီ သွားခဲ့သည်။



7day

မှတ်ချက်များ