အကောင်းဆုံးဘောလုံးသမား(ရွှေဘောလုံး)ဆုကို မက်ဆီဆွတ်ခူး

နူအာနှင့် မက်ဆီတို့အား ရရှိခဲ့သည့်ဆုများနှင့်အတူတွေ့ရစဉ်(Photo:AFP)
တီးနားအသင်းခေါင်းဆောင် မက်ဆီက ချန်ပီယံ ဂျာမနီအသင်းမှ မူလာကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိသွား ခဲ့သည်။ မူလာက ငွေဘောလုံးဆုဖြင့်သာ ကျေနပ်ခဲ့ရပြီး ဟော်လန်တောင်ပံက စားသမား ရော်ဘင် က ကြေးဘောလုံးဆုဆွတ်ခူးခဲ့သည်။ ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆုကို ကိုလံဘီယာအသင်းမှ ဂျိမ်းစ်ရို
ဒရီဂွက်ဇ်က သွင်းဂိုး(၆)ဂိုးဖြင့် ရရှိခဲ့ပြီး ငွေဖိနပ်ဆုကို(၅)ဂိုးသွင်းခဲ့သည့်မူလာ၊ ကြေးဖိနပ်ဆုကိုမူ နေမာ၊ မက်ဆီနှင့် ဗန်ပါစီတို့ (၄)ဂိုးစီသွင်းခဲ့မှုတူညီနေသော် လည်း တစ်ဂိုးစီဖန်တီးပေးခဲ့သည့် နေမာနှင့် မက်ဆီတို့ တွင် နေမာက ပွဲကစားချိန်နည်းသောကြောင့် ရရှိခဲ့သည်။

အကောင်းဆုံးဂိုးသမား(ရွှေလက်အိတ်)ဆုကို ဂျာမနီဂိုးသမား နူအာ၊ အသက်(၂၁)နှစ်နှင့်အောက်က စားသမားများကို ချီးမြှင့်သည့် လူငယ်အကောင်းဆုံးကိုမူ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာတို့က ဆွတ်ခူး ရရှိခဲ့ကြသည်။ အသန့်ရှင်းဆုံးအသင်းဆုကိုမူ ကိုလံဘီယာအသင်းက ရရှိခဲ့ကြောင်းသိရသည်။


7DAY




မှတ်ချက်များ