အမျိုးသမီးလေးဦး ခန္ဓာကိုယ်တွင်စာများရေး၍ တရုတ်အစိုးရအား ကိုယ်တုံးလုံးချွတ်ဆန္ဒပြ


တရုတ်နိုင်ငံ ဘေဂျင်းမြို့ကအမေရိကန်သံရုံးရှေ့မှာ တရုတ်အမျိုးသမီးလေးဦးဟာ အုပ်စုလိုက် ကိုယ်တုံး ချွတ် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ ဒီလိုဆန္ဒပြရတဲ့အဓိက အကြောင်းရင်းက အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ ကို မခံနိုင်တော့လို့ဖြစ်ပြီး တစ်ဦးခြင်းဆီမှာလည်း ဒီ့ထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။

ဒီအကြောင်းရင်းကို သိချင်တယ်ဆိုရင်တော့ ကိုယ်တုံးချွတ်ထားတဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေကို အားစိုက် ကြည့်ဖို့လိုအပ်တယ်။ခန္ဓာကိုယ်တွေပေါ်မှာ စာတွေရေးပြီး သူတို့ကဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

“အကျင့်ပျက်ချစားတဲ့ အရာရှိတွေကို ထုတ်ပစ်“၊ ”အကျင့်ပျက်ခြစားမှု ကျဆုံးပါစေ” အစရှိတဲ့ စာသားတွေ အပါအဝင် “ကျွန်မသမီး Guo Hailing ဟာ အစိုးရကိုခြိမ်းခြောက်စာပို့တယ် ဆိုတဲ့အမှုနဲ့ အကွက်ဆင်ပြီး အကျင့်ပျက်အရာရှိတွေက ဖမ်းဆီထားပါတယ်” ဆိုတဲ့စာတွေကိုလည်း ရေးသား ဆန္ဒပြခဲ့ကြပါတယ်။

ဒီ့အပြင် “ကျွန်မသား မဟုတ်တာလုပ်ခံရပါတယ်။ မမျှတဘူးထင်လို့ အသနားခံစာတင်ခဲ့တာနဲ့ သူ့ကိုထောင် ဒဏ် ၁၈ နှစ်ချလိုက်တယ်။ ဝန်ခံချက်ပြောဖို့ နှိပ်စက်ကြတာ သူ မသန်စွမ်း ဖြစ်ခဲ့ရတယ်” ဆိုတဲ့ စာသားတွေ လည်း ပါဝင်ပါတယ်။

ဒီဆန္ဒပြသူ မိန်းမတွေရဲ့အသက်ဟာ ၆၅၊၆၆၊၆၈၊၇၃ ဆိုတဲ့ အသက်ကြီးပိုင်းအရွယ်တွေဖြစ်ပြီး Henan ပြည် နယ်ကလာတဲ့ ဒီထဲက နှစ်ယောက်ကို ရဲများက အတင်းဓမ္မခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦး က ပြောကြားခဲ့ပါတယ်။

ဒီအဘွားအိုအဖွဲ့ဟာ မေလ ၂၅ ရက်နေ့တုန်းကလည်း တီယန်မင်ရင်ပြင်မှာ ကိုယ်တုံးချွတ်ဆန္ဒပြနေ တာကြောင့်ရဲများက ဖမ်းဆီးခဲ့ပါသေးတယ်။


phothutaw

မှတ်ချက်များ