နိုင်ငံတော်အလံကို အလေးမပြုလိုသူများ ကျောင်းမတက်ကြနှင့်ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး ပြောကြား
နိုင်ငံတော်အလံကို အလေးမပြုလိုသူများ ကျောင်းမတက်ကြနှင့်ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
အခြေခံပညာကျောင်း တချို့တွင်ယင်းသို့နိုင်ငံတော်အလံကို အလေးမပြုကြသည့် ဖြစ်ရပ်များရှိနေခြင်း အားရည်ညွှန်း၍ အဆိုပါအရာရှိကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။
“နိုင်ငံတော်အလံကို အလေးမပြုချင်ရင် ကျောင်းကိုမလာနဲ့၊ မနက်တိုင်းကျောင်းမှာ အလံအလေးပြု တာနဲ့ ကမ္ဘာမကျေသီချင်းသီဆိုရင် ကျောင်းသားအားလုံး အလေးပြုရမယ်၊ ကမ္ဘာမကျေသီချင်းဆိုရင် လဲကျောင်းဝန်းထဲမှာ ရှိတဲ့သူမှန်သမျှ ရောက်တဲ့နေရာမှာရပ်ပြီးတော့ သတိဆွဲပြီးသီချင်းရောက်တဲ့ နေရာကလိုက်ဆိုရမယ်။ ဒီကိစ္စကတရားဝင်စာထုတ်ပြီး ပြောနေရမယ့်ကိစ္စမဟုတ်ဘူး” ဟု ယင်းအရာ ရှိကြီးက ပြောကြားသည်။
ကျောင်းများတွင် နိုင်ငံတော်အလံကို နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များရှင်သန်ထက်မြက်လာစေရန်နှင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်းကို အမြဲ အမှတ်ရနေစေရန် ရည်ရွယ်၍အလေးပြုရခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ပညာရေးမှူး ဦးစန်းအောင်က “လူမျိုးရေး၊ ဘာ သာရေးကြောင့် နိုင်ငံအလံကို အလေးမပြုဘူးဆိုရင် ဒါဟာခံယူချက်တွေလွဲနေတာ။ အလေးမပြု လို့ ကျောင်းအုပ်တွေက ဆုံးမရင်မိဘတွေပါလာရင် မိဘတွေပါခံယူချက်လွဲနေတာ။ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံကို ကိုယ်စားပြုတဲ့အလံကို အလေးအမြတ်ထားဖို့လိုတယ်။ ဒါကိုအတန်းပိုင်တွေ၊ ကျောင်း အုပ် တွေက သေချာသဘောပေါက်အောင် စည်းရုံးပြောဆိုဖို့ လိုမယ်” ဟုပြောသည်။
၂၀၁၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာခြားကျောင်းသူသုံးဦးသည် နိုင်ငံတော်အလံအလေးပြုချိန်တွင် အလေးမပြုခေါင်းမငုံ့ သဖြင့် ကျောင်းအုပ်မှ အလေးပြုရန်ပြောဆိုသော်လည်း လိုက်နာခြင်းမရှိသဖြင့် ကျောလည်ကုပ်ကိုနှိမ့်ပြီး အလေးပြုခိုင်းသဖြင့် မိဘများကမကျေနပ်သည့်အတွက် မြို့နယ်ပညာရေးမှူးထံသို့ တိုင်းကြားရာ မိဘများအား ပြန်လည်တောင်းပန်ရန် ပညာရေးမှူးက ညွှန်ကြားခဲ့သော်လည်း ကျောင်းအုပ်မှ နိုင်ငံ တော် အလံနှင့် နိုင်ငံ့ခေါင်းဆောင်များကို အလေးပြုခိုင်းခြင်းကြောင့် ပြန်လည်တောင်းပန်ရမည်ဆိုလျှင် အလုပ်ပြုတ်မည်ဆိုပါကလည်း ပြန်လည်မတောင်းပန်နိုင်ကြောင်း ငြင်းဆိုခဲ့သည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ သည်ဟု လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးပညာရေးဝန်ကြီးဌာန၏ အရာရှိက “နိုင်ငံတော်အလံကို အလေးပြုတယ် ဆိုတာကို ကျောင်းအုပ်တွေက သင်ပေးရမယ့် တာဝန်ရှိတယ်။ နိုင်ငံတော်အလံ အလေးပြုခိုင်းတာ ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူး။ ကျောင်းသူသုံးယောက်ကို အလေးပြုခိုင်းတာ ကျောင်းအုပ်မှန်တယ်” ဟုပြောကြားသည်။
Democracy Today Daily

မှတ်ချက်များ