ရုံတင်ကားတွေအတွက် တက်ညီလက်ညီ ကြိုးစားကားရိုက်ကြပြီး ၆လအကြာမှာ ရုံတင်နိုင်ရင် တော့ ကာင်းမယ်လို့ဆိုတဲ့ ပြေတီဦး
ရုံတင်ဇာတ်ကားတွေဟာ ဟာသကားတွေသာ များတယ်ဆိုကြတာကြောင့် ခုနောက်ပိုင်း ပရိသတ်ရင် ထဲရောက်မယ့် ဇာတ်ကားတွေကို အသားပေးရွေးချယ် ရိုက်ကူးလာသလို ရုံကြီးကားရိုက်ရတာထက် တကယ့်ကို ပရိသတ်အတွက် ကျန်မယ့်ဇာတ်ကားတွေကိုသာ ရွေးချယ်ရိုက်ကူးလာကြပြီမို့ အဲ့ဒီ အကြောင်း ပြေတီဦးကို မေးမြန်းကြည့်လိုက်တဲ့အခါ...
“ခု ဒီ ၂၀၁၄ ထဲမှာဆို အရင်ရိုက်နေကျ ကာရိုက်တာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့မတူအောင်ကြိုးစားနေ တယ်။ စဉ်းစားနေတယ်။ ကြံဆနေတယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ကားကြီးတွေတောင် မရိုက်ဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ရိုက်ပြီးသား ရုပ်ရှင်ဇာတ်ကားကြီးတွေထက် ဘယ်လိုထပ်မံပြီး ဆန်းသစ်လို့ရဦးမ လဲပေါ့။ လုပ်လို့ရတဲ့ဘောင်ကလဲ အရမ်းကျဉ်းတော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အနေအထားနဲ့က စက်မှုပိုင်းဆိုင်ရာတွေမှာ မဖြစ်နိုင်တဲ့ ကိစ္စလေးတွေက ရှိနေသေးတော့ နောက်ထပ်လိုင်းတစ်လိုင်း ထပ်လုပ်ဖို့ ဆိုတဲ့နေရာမှာ တော်တော်လေးကို ကျဉ်းထဲကျပ်ထဲ ရောက်နေသလိုပဲပေါ့နော်။
အဲ့ဒီအတွက်ကြောင့် တော်တော်လေးကို စဉ်းစားနေပါတယ်။ ပရိသတ်အားပေးမှု အရမ်းများတဲ့ကားတွေလဲ ရိုက်ထားပြီးပြီဆိုတော့ ခုချိန်မှာ ထပ်ဖန်တီးမယ်ဆိုရင် ရှေ့က ကားတွေကို ကျော်နိုင်မှပဲ အဆင်ပြေမှာလေ။ အဲဒီတွက်ကားကြီး ဖြစ်ရင်ပြီးရောရိုက်မယ်ဆိုရင် ကိုယ့်အတွက်ရော၊ ပရိသတ်အတွက်ရော ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် တော်တ်ာလေးကို စဉ်းစားနေတယ်”လို့သူက ပြောပါ တယ်။
ဒါ့အပြင်သူကထပ်ပြီး “ကျွန်တော်တို့တွေ ရှေ့မှာ ရိုက်ခဲ့တဲ့ အာဒံဧ၀တို့လက်ပံတို့ဆိုလဲ ရိုက်တဲ့အချိန်နဲ့ ရုံတင်တဲ့အချိန်က တော်တော်လေးကို ကွာခဲ့တယ်။ ဒါပေမဲ့လဲ အောင်မြင်ခဲ့တယ်ပေါ့နော်။ ဆိုလိုတာ ကတော့ သေချာ တက်ညီလက်ညီနဲ့ ကြိုးစားထားကြပြီးတော့ အရည်အသွေးကောင်းဖို့ပဲအရေးကြီးတယ်။ ဒါပေမဲ့ ကားရိုက်ပြီး ၆လအကြာမှာ ရုံတင်နိုင်ရင်တော့  အကောင်းဆုံးပေါ့နော်။ ဒါကတော့ ခေတ်လဲ အမှီဆုံးပေါ့နော်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ အဲ့ဒီလိုနည်းစနစ်တစ်ခုဆီကို ရောက်အောင် ကြိုးစားနေပါတယ်”တဲ့။
ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ