ပန်းခြံက ကြေးရုပ်နဲ့ တုတ်ကောက်ကစားဖို့ ကြိုးပမ်းခဲ့တဲ့ သနားစရာ ခွေးကလေး
ဒုတိယကမ္ဘာစစ်က စာဝှက်ဖော်သမား Alan Turing ရဲ့ ကြေးရုပ်ကို တကယ့်လူအမှတ်နဲ့  တုတ်ကောက် ကစားဖို့ ကြိုးပမ်းခဲ့တဲ့ ခွေးလေးရဲ့ ဟာသအဖြစ်ကို ကင်မရာနဲ့ အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။
Robbie ဆိုတဲ့ သိုးထိန်းခွေးလေးဟာ အင်္ဂလန်နိုင်ငံ၊မန်ချက်စတာမြို့ က Sackville ပန်းခြံရဲ့ အမှတ်တ ရ ကြေးရုပ်နားမှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ Robbie ဟာ Alan Turing ရဲ့ ကြေးရုပ်ကို လူအမှတ်နဲ့  တုတ် ပစ်ကောက် ကစားဖို့  ကြိုးပမ်းနေခဲ့တာပါ။ အရှေ့ ကိုပြေးလိုက်၊ အနောက်ပြန်ဆုတ်လိုက်၊ အသံပေး လိုက်နဲ့ ကြိုးပမ်းနေပေမယ့် Robbie နားမလည်နိုင်လောက်အောင် Alan Turing က တုံဏှိဘာဝေနေနေ ခဲ့ပါတယ်။
ခွေးလေးဟာ သူ့ ကစားဖော်သစ်ဆီက ဘာမှတုံ့ ပြန်မှုမရတဲ့အဆုံး Alan ရဲ့ ခြေထောက်ကို သူ့ လက်နဲ့  လှမ်းပုတ်ပြန်ပေမယ့်လည်း ထူးခြားမလာပါဘူး။ နောက်ဆုံးမှာတော့ တုတ်ချောင်းလေးတစ်ချောင်းကို ကိုက်ပြီး Alan Turing ရဲ့ လက်ထဲ ထည့်ပေးဖို့ အထိ ကြိုးပမ်းခဲ့ပါတယ်။ ကံဆိုးစွာပဲ ဒီတစ်ခါမှာလည်း သူကစားချင်နေတဲ့ တုတ်ကောက်လေးကို Alan က ပစ်မပေးခဲ့ပါဘူး။
ဒီ ဗီဒီယိုကို သိုးထိန်းခွေးလေး Robbie ရဲ့ ပိုင်ရှင် Jamie Goodwin က ရယ်မောပြီး ရိုက်ကူးခဲ့တာပါ။
ဒီဗီဒီယိုလေးကို Youtube ပေါ် တင်ပြီးတဲ့အချိန်ကစပြီး ၀င်ရောက်ကြည့်ရှုမှု ငါးသန်းကျော်ရှိခဲ့ပါတယ်။
Angel | Trend Myanmar

မှတ်ချက်များ