![]() |
| သံတွဲမြို့နယ်အတွင်းရှိ ဘိုးဘွားရိပ်သာတစ်ခုမှ အဘွားအိုနှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
အဆိုပါ လူဦးရေစာရင်းမှာ မင်္ဂလာဗျူ ဟာ အသင်းချူပ်မှ နှစ်စဉ် အသက် ၁၀၀ နှင့်အထက် ဘိုးဘွားများ ပူဇော်ပွဲ ကျင်းပရန်အတွက် မြန်မာတစ်နိုင်ငံလုံးသို့ ဖိတ်ခေါ်ရာမှ ရရှိထားသော စာရင်းများဖြစ်ရာ တစ်နိုင်ငံ လုံးအနေဖြင့် စစ်တမ်းကောက်ယူပါက ယခုဦးရေထက် ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။
စာရင်းများအရ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဘွားဒေါ်မြကြည်မှာ မြန်မာနိုင်ငံ၌ အသက်အ ကြီးဆုံးဖြစ်ပြီး အသက် ၁၂၂ နှစ်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် လူဦးရေ ခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုလည်း များပြားလာကြောင်း၊ သန်းခေါင်စာရင်းများအရ လူ ၁၀ ဦးတွင် တစ်ဦးမှာ အသက် ၆၀ နှင့်အထက်များ ဖြစ်နေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦးနှုန်းမှာ အသက် ၆၀ နှင့်အထက်များ ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။
“ဒီစာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုများလာပြီး သက်ကြီးရွယ်အိုစောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုလာပြီလို့ ဆိုရမှာပါ။ ကျွန်တော်တို့အသင်းက နှစ်စဉ် အသက်ရာကျော် ဘိုးဘွားတွေကို ပူဇော်ကန်တော့နေတာဆိုတော့ နှစ်စဉ်စာရင်းဇယားတွေကို ပြန်လုပ်တဲ့အခါ တချို့ ကျတော့လည်း ဆုံးပါးသွားတဲ့သူတွေ ရှိတယ်။ သူတို့နေရာမှာ ထပ်တိုးလာတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စာရင်းတွေအရ ဘိုးဘွားတွေက အရင်ကထက် ပိုများပိုတိုးလာတာတော့ အမှန်ပါ” ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
| တောင်းရမ်းစားသောက်နေသည့် အဘွားအိုတစ်ဦးအား တွေ့ရစဉ် |
မြန်မာနိုင်ငံတွင် အသက်အရွယ်ကြီးမြင့်သည့် ဘိုးဘွားဦးရေ ၅ ဒသမ ၄ သန်းကျော်ရှိလာပြီး ယင်းအနက်မှ ဘိုးဘွားဦးရေ ငါးသိန်းကျော်မှာ ကူညီစောင့်ရှောက်မှု များစွာလိုအပ်နေကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးဦးရေမှာ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပြီး လက်ရှိကာလတွင် ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် မိသားစုလူနေမှုပုံစံများ ပြောင်းလဲလာ ပြီဖြစ် ၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများအတွက် စောင့်ရှောက်ရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးအရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် လူဦးရေစုစုပေါင်း၏ ၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး လက်ရှိ တွင် နိုင်ငံလူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းကျော်မှာ သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။
မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ နှစ်အလိုက် ပူဇော်ကန်တော့ခဲ့သည့် ဘိုးဘွားဦးရေ
ပထမအကြိမ် ၃၂ဦး
ဒုတိယအကြိမ် ၅၈ဦး
တတိယအကြိမ် ၆၆ဦး
စတုတ္ထအကြိမ် ၄၄ဦး
ပဉ္စမအကြိမ် ၅၇ဦး
ဆဋ္ဌမအကြိမ် ၆၂ဦး
သတ္တမအကြိမ် ၇၂ဦး
အဋ္ဌမအကြိမ် ၁၁၁ဦး
န၀မအကြိမ် ၁၀၈ဦး
ဒသမအကြိမ် ၁၀၈ဦး
Eleven Media

မှတ်ချက်များ