ကိုယ်ဝန်ဆောင်တာကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်တော့မယ်နည်းပညာသစ်ကြောင့်အိမ်ထောင်ရှင်အမျိုးသမီးတွေအဆင်ပြေ စေမဲ့နည်းသစ်တခု



အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တာကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်အောင် စီမံထားတဲ့ Micro CHIPS လို့ အမည်ပေးထားတဲ့ ပစ္စည်းတစ်မျိုး တီထွင်ထုတ်လုပ်နိုင်ရေး အတွက် ကမ္ဘာကျော် ဆော့ဖ်ဝဲသူဌေးကြီး ဘီလ်ဂိတ်စ်က အထောက်အကူ ပေးသွားမယ်လို့ Business Insider သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Micro CHIPS ကို အမျိုးသမီးတွေရဲ့ အရေပြားထဲမှာ ထည့်ထားရမှာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်မှုကို အဆိုပါ ပစ္စည်းက ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် ပြန်ဆောင်လိုတယ် ဆိုရင်တော့ အဲဒီ Chip ကို Remote Control နဲ့ ပြန်ပိတ်လိုက်ရုံပါပဲ။ Chip အလုပ်လုပ်ပေးနိုင်တဲ့ သက်တမ်းက ၁၆ နှစ်ပါတဲ့။

ဖော်ပြပါ ပစ္စည်းတီထွင်မှု အတွက် ဂိတ်စ်နဲ့ သူ့ဇနီးတို့ရဲ့ ဖောင်ဒေရှင်းက ဒေါ်လာ ၄ ဒသမ ၆ သန်း ကူညီထောက်ပံ့ ပေးသွားမှာဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

The Voice Weekly

မှတ်ချက်များ