"အဆိပ်ငွေကြေး " ဗီဒီယို အကြိုခံစားခြင်း
ဒီတစ်ခါညွှန်းပေးမယ့် ဇာတ် ကားလေးကတော့ လွယ်လွယ်ကူ ကူနဲ့ ရတဲ့ငွေဟာ ကောင်းကျိုးမ ဖြစ်ဘဲ အဆိပ်ပဲဖြစ်တယ်ဆိုတာ ကို ပညာပေးထားတဲ့ အဆိပ်ငွေ ကြေးဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ် ကားလေးကို စိန်ဌေးထုတ်လုပ်ရေးကနေ ဇူလိုင် ၈ ရက်မှာ စတင်ဖြန့်ချိမှာပါ။ အဲဒါကြောင့် ဒီဇာတ် ကားလေးကို ပရိသတ်တွေအတွက် အမြည်းအနေနဲ့ ညွှန်းပေးလိုက်ပါတယ်။
အသက်ငယ်ငယ်နဲ့ အိမ် ထောင်ကျခဲ့တဲ့ မိုးဆွေနဲ့ ဟန်နီတို့ လင်မယားဟာ စီးပွားရေး အဆင် မပြေကြပါဘူး။ မိုးဆွေက ကုမ္ပ ဏီတစ်ခုမှာ အလုပ်လုပ်ပေမယ့် အလုပ်မှာလည်း အဆင်မပြေပါ ဘူး။ ပိုက်ဆံမရှိတော့ သူငယ်ချင်း တွေကြားထဲမှာလည်း သိမ်ငယ်ရ သလို နေတော့လည်း သူငယ် ချင်းတစ်ယောက်ရဲ့အိမ်မှာ ငှား နေရတာပါ။
တစ်ရက်မှာ သူငယ်ချင်း တစ်ယောက်ဆီက ကားကို ငှားထား လို့ ပြန်သွားပို့တဲ့အချိန် လမ်းမှာ လူတစ်ယောက်ကို ရှောင်ရင်း ကားတိုက်မိမလို ဖြစ်ခဲ့ပါတယ်။ မိုးဆွေကားပြင်နေတဲ့အချိန် အနီး ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တစ်အိမ်ကို ဟန်နီ သွားကြည့်ခဲ့ပါတယ်။ အဲဒီအိမ်က အဘွားကြီးတစ်ယောက် တည်း နေတဲ့အိမ်ဖြစ်ပြီး အိမ်ထဲမှာလည်းရှေးဟောင်းပစ္စည်းတွေ ပြည့်နေပါတယ်။
အဘွားကြီးဆီမှာရှိတဲ့ ရှေးဟောင်း ကရားလေးတစ်လုံးကို ဟန်နီစိတ်ဝင်စားပြီး အဘွားကြီးဆီက ခိုးယူလာခဲ့ ပါတယ်။
ကရားလေးလှလို့ ယူလာတာဖြစ်ပေမယ့် အဲဒီကရားလေးနဲ့ပတ်သက်ပြီး နောက်ခံသမိုင်း ကြောင်းကိုတော့ ဟန်နီမသိပါဘူး။ ဒီကရားလေးက ဘယ်လိုထူးခြားမှုတွေရှိမယ်။ မိုးဆွေနဲ့ ဟန်နီတို့ကို ကောင်းကျိုးပေးမှာ လား၊ ဆိုးကျိုးပေးမှာလား ဆိုတာကိုတော့ အဆိပ်ငွေကြေးဆို တဲ့ ဇာတ်ကားလေးကိုကြည့်ရင်း ဆက်လက်ခံ စားလိုက်ပါဦး။ ဒီဇာတ်ကားမှာ မိုးဆွေအဖြစ် ကောင်းပြည့်၊ ဟန်နီအဖြစ် ဖွေးဖွေးတို့က သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ ၀ိုင်းပါ။ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးဖြစ်လို့ ပရိသတ်တွေ မြည်းစမ်း ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
7day

မှတ်ချက်များ