အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အား ဂီတဆိုင်ရာပူးပေါင်းလုပ်ဆောင်ရန် အိုင်ယာလန်ဂီတတက္ကသိုလ်တစ်ခု ကမ်းလှမ်း


အိုင်ယာလန်နိုင်ငံ ဂီတ တက္ကသိုလ်တစ်ခုက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္က သိုလ် (ရန်ကုန်)သို့ ဂီတဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းရန် ကမ်း လှမ်းထားကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် အိုင်းရစ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲတွင် အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အား ပူးပေါင်းရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


‘‘သူတို့ဘက်ကတော့ မြန်မာ နိုင်ငံနဲ့ ပူးပေါင်းဖို့အတွက် စိတ် ၀င်စားတယ်။ ဒီဘက်က သဘော တူလက်ခံဖို့ အစီအစဉ်ရှိမယ်ဆို ရင် ချက်ချင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်’’ ဟု အဆိုပါပွဲစီစဉ်ရာ တွင် ပါဝင်သူ ဦးချန်ယိန်းက ပြော သည်။

ယခင်လက ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲတွင် အိုင်ယာလန် မှ ဂီတပညာရှင် လေးဦးနှင့် အကပညာရှင် တစ်ဦးတို့ လာရောက်ယဉ်ကျေးမှုချင်း ဖလှယ်ခဲ့ပြီး အမျိုးသားယဉ်ကျေးမှု တက္ကသိုလ် မှ ဂီတပညာရှင် အချို့နှင့် နှစ်နိုင်ငံ ကြား ယဉ်ကျေးမှုဖလှယ်သည့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သည်။

‘‘သူတို့ဘက်က လာကမ်း လှမ်းတာတွေ ရှိတယ်။ ဒီဘက်က သွားရမယ့် အဆင့်တွေများတော့ သိပ်တော့ မသေချာသေးဘူး။ ဘယ်တော့လောက် အတူတူလုပ် ဖြစ်မလဲ ပြောလို့မရဘူး’’ ဟု အ မျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အကယ်၍ ပူးပေါင်းလုပ် ကိုင်ဖြစ်ပါက နှစ်နိုင်ငံမှ ကျောင်း သူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကြား အချင်းချင်း ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ခြင်းများအပြင် ပညာရပ်ဆိုင်ရာ အပြန်အလှန်သင်ကြားခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

‘‘တခြားနိုင်ငံတွေနဲ့ ယဉ် ကျေးမှုဖလှယ်တာမျိုးပဲ လုပ်ဖူး တယ်။ ဒီလိုမျိုးထိ ပူးပေါင်းဖို့ ကမ်းလှမ်းတာ မျိုးတော့ မရှိသေး ဘူး’’ ဟု ၎င်းက ပြောသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်စသည့် အထူးပြုဘာသာရပ်များ သင်ကြားလျက်ရှိသည်။


ရှင်းရှင်း | 7day



မှတ်ချက်များ