အမေး— “အိမ်ထောင်ဆိုတာဘာလဲ”
အဖြေ— “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့လူတွေကအပြင်ကိုထွက်ချင် တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”
အမေး— “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
အဖြေ —- “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
အမေး— “လူပျိုနဲ့ လူအို ဘာကွာသလဲ”
အဖြေ — “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
အမေး —- “မိန်းမဆိုတာဘာလဲ”
အဖြေ —- “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
အမေး —- “မယားငယ်ဆိုတာ ဘာလဲ
အဖြေ —- “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”
အမေး —– “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
အဖြေ — “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”
အမေး — “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
အဖြေ —- “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”
အမေး —- “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
အဖြေ —- “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”
အမေး — -“အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
အဖြေ – — “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့ အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”
အမေး — “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
အဖြေ — “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”
အမေး —- “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
အဖြေ —- “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”
အမေး —- “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
အဖြေ —- “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”
အမေး – —“ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
အဖြေ —- “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”
အမေး —“ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
အဖြေ —– “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ချီးကျုးတဲ့အခါမှာ”
အမေး — “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
အဖြေ —- “ယောက်ျားအများကြီးရဲ့အာရုံစိုက်မှုကိုခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်
ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”
အမေး — “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
အဖြေ — “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”
အမေး — “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
အဖြေ – –“ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”
အမေး — “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ဘာများကွာခြားသလဲ”
အဖြေ — “ခြောက်လုံးပြူး နဲ့ စက်သေနတ်လိုပေါ့ဗျာ”
အမေး — “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
အဖြေ — – “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးယောက်တော့ယူရမယ်”
အမေး – -“ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
အဖြေ — – “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”
အမေး — “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
အဖြေ —- “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”
( ဟာသလို့… ရှုမြင်ပေးကြညော် )
ဟာသမင်းသား

မှတ်ချက်များ