ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်း တခုက ပေးအပ်တဲ့ ပညာသင်ဆုရွေး ချယ်ပုံနဲ့ ပတ်သက်လို့ မကွေးတိုင်း ပညာရေး မှူးရုံးမှာ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဇော်ဖေနဲ့ သူ့ကို ကူညီပေးတဲ့ မြို့ခံကျောင်းသား မိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က မကွေးတိုင်း မကွေးတရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ သရက်ထောင် မှာ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် တပေါင်းတည်း ချမှတ်ထားရကနေ မနေ့က ၃ လ ပြင်ဆင်သတ်မှတ်လိုက် ပြီးနောက် ဒီနေ့ ပြန်လွတ်လာတာပါ။
ပြန်လွတ်လာတဲ့ ကိုဇော်ဖေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်
DVB

မှတ်ချက်များ