![]() |
| ဓာတ်ပုံ-အိသွဲ့(တန့်ယန်း) |
ဒီဇာတ်ကားထဲမှာ ရွှေမှုံရတီက ဘဝ အဆက်ဆက် စုန်းမလေး အဖြစ် သရုပ်ဆောင်ရိုက်ကူးသွားမှာဖြစ် ပါတယ်။ “ရွှေမှုံ ဒီဇာတ်ကားနဲ့ ပတ် သက် ပြီးတော့ ဆံပင်စတိုင်တွေ၊ အင်္ကျီ အဝတ်အစားတွေ၊ အသုံး အဆောင်ပစ္စည်း တွေက ဒီဇာတ်ကား ထဲမှာ အဓိက Main ပဲ လေ။ ဒီဘက် ခေတ်မှာ ကျတော့ တအား အရေးကြီး သွားပြီ။
ရွှေမှုံက လိုအပ်တာတွေ နဲ့ ပတ်သက်ပြီး ဒီဇိုင်နာကို အားလုံးခြေ ဆုံးခေါင်းဆုံး ပြင်ဆင်ခိုင်းဖြစ်တယ်။ ဒီဇိုင်နာ ဆိုတော့ အမြင်ရှိတဲ့ အတွက် အကုန် လုံး လိုက်အောင် စီစဉ်ပေးထားတဲ့ အတွက် စိတ်ပူစရာ တော့ မရှိပါဘူး။ မိတ်ကပ် ကလည်း ကားကြီးဖြစ်တဲ့ အတွက် တအားကြီး လိမ်းစရာ မလိုဘူးလို့ ရွှေမှုံ ထင်တယ်။ ရုံကြီး ကားဆိုတော့ ၂နှစ်လောက်မှ ရုံတင် မှာဖြစ်တဲ့ အတွက် ပြင်ဆင်မှု အပိုင်းကို တအားကြီး မကွာခြား သွားအောင်တော့ ကြိုတင်ပြီး စဉ်းစားထားဖြစ်တယ်” လို့ ဇာတ်ကားပြင်ဆင်မှု ပိုင်း နဲ့ပတ်သက်လို့ ရွှေမှုံရတီ က ပြောပြပါတယ်။
ရုပ်ရှင်ဇာတ် ကားကြီးဖြစ်တဲ့ အတွက်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင် သွားမှာပါ တခြား စိတ်ဖိစီး မှုတော့မရှိပါဘူး”လို့ ရွှေမှုံရတီက ဆိုပါတယ်။
ရွှေမှုံရတီက ဘန်ကောက်မှာ ကျန်းမာရေး အတွက် ဆေးစစ်ခဲ့ပြီး ဆရာဝန်က တစ် လလောက် အနား ယူခိုင်းပေမယ့် လက်ခံထားတဲ့ အလုပ် တာဝန်တွေကို မပျက် ကွက်စေ ချင်ဘဲ ကိုယ့်အလုပ်ကို ချစ်တာထက် ရိုသေလေးစားမှု ထားတာကြောင့် ဆေး သောက်ဆေးစား ရင်းနဲ့ပဲ အလုပ်တွေ ကို ဆက်လုပ် သွားမယ် လို့ ရွှေမှုံရတီ က ပြောပါတယ်။
“ဘန်ကောက် မှာ ဆေးသွားစစ်တော့ ရောဂါပေါ်တယ်။ ခေါင်းပိုင်း ဆိုင်ရာမှာ ဦးနှောက် နဲ့ နှလုံးရယ် ပေါ် လာတော့ ဆရာဝန်က ဆေးသုံးလ သောက်ခိုင်းတယ်။ သုံးလ ပြည့်ရင် သွားပြီးပြန်ပြ ရမယ်။ ဆရာဝန် ကတော့ အချိန်ပေးပြီး နားစေချင်တယ်။ ရွှေမှုံကလည်း အလုပ်တွေ နဲ့ဆိုတော့ အနားယူ လို့မရဘူး။ ဆရာဝန် ကတော့ ဆေးသောက် ပြီးတော့ အနားယူစေချင်တယ်။ ကိုယ်ကလည်း အချိန်မပေးနိုင်ဘူး ဆိုတော့ ဆရာဝန်ကြီးတွေ နဲ့ တိုင်ပင်ရတယ်။
ရွှေမှုံက စိတ်ကြောင့်တော့ မဟုတ်ဘူး။ ကိုယ်က မပင်ပန်းဘူး။ နှလုံးတို့ ခန္ဓာကိုယ် တို့က မခံနိုင်ဘူး။ အဲဒါကြောင့် အလုပ်က ပင်ပန်း လို့ဖြစ်တာ လို့ ဆရာဝန်က ပြောတယ်။ ရွှေမှုံ ကတော့ ဆေး သောက် ပြီးတော့ပဲ အလုပ်ကို ဆက်လုပ်မယ်။ လူတစ်ယောက် တာဝန် ယူထားရင် အဲဒီ အလုပ်ကို ပြီးမြောက်အောင် တာဝန် ယူရမယ် ဆိုတာ ရှိ တယ်လေ။ ရွှေမှုံက ဆေးထိုးဆေး သောက်ရမှာ တအားကြောက်တဲ့ သူတစ်ယောက်ပါ။
ဒါပေမဲ့ ကိုယ့်ရဲ့အလုပ်ကြောင့်ပဲ ကျန်းမာရေးကိုပိုပြီး ဂရုစိုက်ရပါ တယ်။ အဓိက က အလုပ်ကို ချစ်တာ ထက် ရိုသေလေးစားမှု ပိုရှိတာပါ။ အလုပ်ကို ပြီးမြောက်အောင်လည်း လုပ်ချင်တယ်။ အခုလည်း တစ်နေ့ ကို ဆေးလေး ကြိမ်လောက်သောက် ရတဲ့ အတွက် သက်သာတယ်။ သုံးလပြည့် သွားရင်တော့ ရောဂါ လည်း ပျောက်ကင်းသွားမှာပါ။ တခြား စိတ်ပူစရာတော့ မရှိတော့ပါဘူး” လို့ ရောဂါ အခြေအနေ နဲ့ ပတ်သက် ပြီး ရွှေမှုံရတီက ပြောပါတယ်။
လွင်လွင်ထွန်း | popular journal

မှတ်ချက်များ