![]() |
| မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ – ရိုက်တာ) |
ထိုင်းနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဒုက္ခ သည်တွေကို စခန်းအ၀င်အထွက် ခုလိုတင်းကြပ် လိုက် တာဖြစ်ပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အပြင်ကို လုံးဝမထွက်ဖို့ ထွက်လို့မိရင် ပထမအကြိမ် စခန်းအတွင်းမှာ တပတ်တိတိ အလုပ်နဲ့ပြစ်ဒဏ် ပေးမယ်၊ ဒုတိယအကြိမ်မိရင် ရိက္ခာကို ဖြတ်တောက်မယ်၊ တတိယအကြိမ်မိရင် ဒုက္ခသည်အဖြစ်ကနေ လုံးဝ ပယ်ဖျက်သွားမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ် ထားတယ်လို့ မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီလို စခန်းကို အ၀င်အထွက်စည်းကမ်းတင်းကျပ်ထားပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက နိုးဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည် လူဦးရေကောက်ခံမှုတွေ လုပ်နေပြီး ဒီကနေ့မှာတော့ အုန်းဖျန်ဒုက္ခသည်စခန်းကို လူဦးရေ စာရင်းကောက်ခံတယ်လို့ အုန်းဖျန် ဒုက္ခ သည်စခန်း ဥက္ကဌ စောဝါးထီး က ပြောပါတယ်။
လာမယ့် ဇွန်လိုင် ၁၅ ရက်နေ့မှာလည်း ဒုက္ခသည်စခန်းတွင်းမှာအိမ်ထောက်စုအလိုက် ပြန်လည်စိစစ်ဖို့ ရှိနေပါတယ်။
ဒုက္ခစခန်းကို မပိတ်ခင် ပြီးခဲ့တဲ့ တပတ်အတွင်းမှာလည်း အပြင် စာသင်တဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အပြင်အလုပ်ထွက်လုပ်သူတွေကို ပြန်ခေါ်ပြီး ဒုက္ခသည် အရေအတွက်ကို ပြန်လည်စိစစ်နေတာလည်းဖြစ် ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေကြရပြီး အများစုက ကရင် ဒုက္ခသည်တွေ ဖြစ်ပါတယ်။
အပြည့်အစုံ သတင်းဖိုင်နားဆင်ရန်
DVB

မှတ်ချက်များ