![]() |
| ယိုဗြောင်အန်းအကြောင်း သတင်းထုတ်လွှင့်မှုကို ကြည့်ရှုနေသူများ။ ဓာတ်ပုံ-အေအက်ဖ်ပီ |
ဇွန်လ ၁၂ ရက်က တွေ့ရှိခဲ့သော ရုပ်အလောင်းကို ယမန်တစ်ပတ်က ရဲတပ်ဖွဲ့မှ ယိုဗြောင်အန်း၏ ရုပ် အလောင်းအဖြစ် သတ်မှတ်ခဲ့သည်။ ယိုဗြောင်အန်းအား ဧပြီလတွင် နစ်မြုပ်ခဲ့ပြီး ခရီးသည် ၃၀၀ ကျော် သေ ဆုံးခဲ့သည့် ကူးတို့ရေယာဉ်နှင့် ပတ်သက်၍မေးမြန်းရန် ရဲတပ်ဖွဲ့မှ အလိုရှိနေသည်။ ရုပ်အလောင်းရှိ လက္ခဏာများကို ကြည့်ရှုကာ မည်ကဲ့သို့သေဆုံးသည်ကို မဝေခွဲနိုင်ကြောင်း မှုခင်းဆေးဗေဒ ကျွမ်းကျင်သူ များက ပြောကြားသည်။
“ယိုဗြောင်အန်းရဲ့ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေတဲ့အတွက် သေဆုံးမှု အကြောင်းအရင်းကို မသိ ရှိ နိုင်သေးပါဘူး” ဟု အမျိုးသား မှုခင်းဆေးတပ်ဖွဲ့ NFSဒါရိုက်တာ စောင်ဂျွန်စုတ်ခ်က ပြောကြားသည်။
ဆေးဝါးများနှင့် အဆိပ်ကြောင့် သေဆုံးရခြင်းဆိုသည်ကို NFS က ငြင်းဆန်ထားသော်လည်း အခြား အကြောင်းရင်းများဖြင့် သေဆုံးသည်ဆိုခြင်းကို ငြင်းဆန်နိုင်ခြင်း မရှိသေးကြောင်း NFS က ပြောကြား သည်။
“ဒဏ်ရာတွေကြောင့် ဝေဒနာအပြင်းအထန် ခံစားနေရသလားဆိုတာ မခွဲခြားနိုင်သေးဘူး” ဟု စောင်ဂျွန် စုတ်ခ်က ပြောကြားပြီး “အူတွေကလည်း ပျက်စီးနေတာကြောင့် ရောဂါကြောင့် သေဆုံးရတာလား ဆိုတာ ကိုလည်း မဝေခွဲနိုင်သေးပါဘူး” ဟု ဆက်လက် ပြောကြားခဲ့သည်။
ယိုသည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် အပန်းဖြေအနားယူသည့် နေအိမ်ရှိ ဗီရိုထဲတွင် ပုန်း အောင်းနေခဲ့သည်ဟု တရားခံရှေ့နေများမှ ဆိုသည်။ ၎င်း၏ ရုပ်အလောင်းအား ယင်းနေအိမ်ရှိ အခန်းငယ် တစ်ခုနှင့် ၂ ဒသမ ၅ ကီလို အကွာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
mizzima

မှတ်ချက်များ