မန္တလေးမြို့၌ ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှ အမျိုးသမီးအား ဇူလိုင် ၂၃ ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်သည့် အမျိုးသမီးအား ဇူလိုင်လ ၂၃ ရက်နေ့ ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန် ၂၉ ရက်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်းအုပ်စု ပျဉ်းမနားတောင်ညိုကားလမ်း တော်ဝင်နန်း စားသောက်အနီး ကားလမ်းနံဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၎င်းအား သားမယားအဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တိုင်ကြားသဖြင့် ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မဖြူဖြူမင်း(ခ)ကတုံးမအား မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များအရ ယင်းအပေါ် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့် နေ၀င်းတို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ် သည်ကို အမှုစစ် ရဲအရာရှိထံ ၀န်ခံထွက်ဆိုခဲ့ပြီး ဇူလိုင် ၉ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်တရားရုံး ၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ ထိုသို့လီဆယ် အမှုတိုင်ကြားခဲ့ရသည့် ဖြစ်စဉ်အပြည့် အစုံကို ဖြူဖြူမင်း(ခ)ကတုံးမက ဖြောင့်ချက်ပေး၍ ပျဉ်းမနားမြို့နယ် တရားရုံးမှ ပြစ်မှုသေးအမှတ် ၁၂၂/၂၀၁၄ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့သည့် ဖြူဖြူမင်း(ခ)ကတုံးမအား ပျဉ်းမနား မြို့မရဲစခန်း (ပ)၃၁၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁၀၉ လီဆယ်မှုဖြင့် ဇူလိုင် ၂၃ ရက်နေ့တွင် ပျဉ်းမနားတရားရုံးသို့ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

EMG

မှတ်ချက်များ