![]() |
| ပြည်ပနိုင်ငံတစ်ခုမှ အလုပ်အကိုင်ပြပွဲမြင်ကွင်း |
ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းဝင်များ စုစည်း၍ ကွန်ပျူတာတက္ကသိုလ်တွင် ဇူလိုင် ၂၃ ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိအိုင်တီနယ်ပယ်အတွင်း အလုပ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အနီးကပ်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုဥက္ကဋ္ဌ ဦးထွန်းခိုင်က ပြောသည်။
‘‘ဒီပွဲမှာ ကွန်ပျူတာပညာရှင်တွေရော၊ အသင်းက အလုပ်အမှုဆောင်တွေရော ဟောပြောမယ်။ ပြီးတော့ ကျောင်းကဆင်းလာရင် Business (စီးပွားရေး) ဘက်မှာ အဆင်သင့်မဖြစ်တာက များတယ်။ အဲဒီအတွက် ဘာတွေလိုအပ်နေလဲ။ လက်ရှိအလုပ်
တွေမှာ ဘယ်လိုတွေခေါ်လဲ၊ ဘယ်လိုလုပ်လဲဆိုတာသိအောင် လုပ်ပေးတာပါ’’ ဟု ဦးထွန်းခိုင်က ပြော သည်။
အိုင်တီနည်းပညာများ အသုံးပြုလုပ်ကိုင်နေသည့် ကုမ္ပဏီ များမှ လုပ်ငန်းများကို ကျောင်းသူကျောင်းသား များ သိရှိစေရန် ယင်းကုမ္ပဏီများမှ လိုအပ်နေ သည့် အိုင်စီတီလူ့စွမ်းအားအရင်း အမြစ်များကို ခေါ်ယူခန့် ထားနိုင်ရန်လည်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
ဟောပြောပွဲများလည်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိုင်တီနယ်ပယ်အတွင်းမှ လုပ်ငန်းရှင်များသာမက အခြားသော နယ်ပယ်များမှ စီးပွားရေးလုပ်ငန်းရှင်များပါ တက်ရောက်မည်ဖြစ်ပြီး ကျောင်းသူကျောင်း သားများနှင့် တစ်ဦးချင်းတိုက်ရိုက်မေးမြန်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု သတင်းရရှိသည်။
7day daily

မှတ်ချက်များ