ကိုရီးယားသွားမယ်၊ သီချင်းခွေထွက်မယ်ဆိုတဲ့ မေမြတ်နိုး
Miss Asia Pacific World 2014 သရဖူဆုရ အလှမယ် မေမြတ်နိုးတစ်ယောက် ကမ္ဘာကျော် ကိုရီးယားပေါ့ပ် ဂီတလောကဖြစ်တဲ့ K-Pop Industry ထဲဝင်ရောက်ဖို့ လာမယ့် သြဂုတ်မှာ ကိုရီးယားကို သွားတော့မှာ ပါ။ မေမြတ်နိုးက Korea Pop ကို ခံစားတတ်သူလား။
နိုင်ငံတကာအဆင့်မီ K Pop သီချင်းတွေ သီဆိုဖျော်ဖြေဖို့အတွက် ယုံကြည်မှုကို လုပ်ယူစရာမလိုဘဲ ရင်ထဲ မှာ ရှိပြီးသားပါလို့ မေမြတ်နိုးက ကမာရွတ်မီဒီယာကို ပြောပါတယ်။ K Pop Industry ထဲဝင်ရောက်ဖို့ ကြိုးစား သွားမှာဖြစ်သလို Miss Asia Pacific World Organization ကလည်း ဘာသာစကားနဲ့အခြား သင်ကြား မှုတွေ ကူညီသွားမှာလို့ဆိုပါတယ်။
K Pop သီချင်း ၂ပုဒ်ကို အရင်ဆုံးထုတ်လွှင့်မှာဖြစ်ပြီး နောက်ပိုင်းမှာ ကိုရီးယားရုပ်သံဇာတ်လမ်းဖြစ်တဲ့ K Drama အထိ လုပ်သွားမယ်လို့ ပြောပါတယ်။ အိပ်မက်ဆုံရာရဲ့ Season 6 ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ခဲ့ဖူး တဲ့ မေမြတ်နိုးက သူ့ရဲ့တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို မကြာခင် ထုတ်ဖို့ရှိသလို ကမ်းလှမ်းလာတဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေမှာလည်း လုပ်သွားမယ်လို့ပြောပါတယ်။
အနုပညာအလုပ်တွေ လုပ်တာဟာ သူပညာဒါန ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အကူအညီ လမ်းကြောင်း ဖွင့်ပေးနိုင်မယ်လို့ မေမြတ်နိုးက ယုံကြည်နေပါတယ်။ အသက် ၁၈နှစ်ပဲရှိသေးတဲ့ မေမြတ်နိုး ဟာ IGCSE တက်ရောက်နေပြီး ပညာရေးကို လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
အလှမယ် သရဖူဆုရခဲ့ပြီးနောက်ပိုင်း အရင်ကနဲ့မတူဘဲ ပိုပြီးရင့်ကျက်လာသလို Lady တစ်ယောက်ပုံစံ ပိုပေါက်လာတယ်လို့ သူက ပြောပါတယ်။ ဖက်ရှင်နဲ့ အတွေးအခေါ်ပိုင်း ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က အမျိုးသမီးထုကို ကိုယ်စားပြုဖို့အတွက် Miss Asia Pacific World 2014 ဆုကိုရတာကြောင့် ပိုတာဝန်ကြီးသလို ဆုရကတည်းက သူ့ရဲ့ကိုယ်ပိုင်ဘဝကို စွန့်လွှတ်ရမယ်ဆိုတာ နားလည်ပါတယ် လို့ မေမြတ်နိုးက ပြောပါတယ်။ (အင်တာဗျူး ရုပ်/သံ)
kamayutmedia

မှတ်ချက်များ