ဗြိတိန်နိုင်ငံ၏ တစ်နှစ်အတွင်းတင်ပါးအလှဆုံးဆုရှင် အသက် ၅၃ နှစ်အရွယ် အမျိုးသမီး


ဗြိတိန်နိုင်ငံ တီဗီစတား Carol Vorderman ဟာ အများပြည်သူရဲ့မဲပေးရွေးချယ်မှုနဲ့ တစ်နှစ်အတွင်း တင်ပါး အလှဆုံးဆု (Rear of the Year) ကိုရရှိခဲ့ပါတယ်။

စွဲမက်စရာ နောက်ပိုင်းအလှနဲ့ သူမဟာ ဒီဆုကို နှစ်ကြိမ်ရရှိတဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါ တယ်။

ဒီဆုကို ဒုတိယကြိမ်မြောက်ရရှိခဲ့တဲ့အတွက် အသက် ၅၃ နှစ်အရွယ် Vorderman က “အထူးသဖြင့် ကျွန်မ ဘဝရဲ့ ဒီလိုအချိန်ကြမှ ဆုကို ဒုတိယအကြိမ်ရလို့ ကျွန်မမှာ အံ့သြဝမ်းသာ နှစ်ခုစလုံးဖြစ်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။


Carol Vorderman ဟာ ရုပ်သံစီစဉ်တင်ဆက်သူတစ်ဦး ဖြစ်ပြီး လူကြိုက်များ တီဗီ ရှိုး Countdown ကို ၁၉၈၂ မှ ၂၀၀၈ ခုနှစ်ထိ ၂၆ နှစ်တိုင်အောင် ပူးပေါင်းတင်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။

သူမရဲ့ နောက်ပိုင်းအလှနဲ့ ပက်သက်ပြီး ပြောကြားရာမှာ Vorderman က“ကျွန်မ ဒါကို ရခဲ့တဲ့ ၂၀၁၁ တုန်း က ပြောခဲ့သလိုပါပဲ။ ကျွန်မနောက်ပိုင်းကို ကြည့်ချင်တယ့်လူတွေ အများကြီး ရှိပါ့မလားလို့ ကျွန်မ အမြဲသံသယရှိခဲ့တယ်။ အခုတော့ ကျွန်မထင်တာထက်တောင် ပိုများနေတယ်” လို့ ဆိုခဲ့ပါတယ်။


phothytaw

မှတ်ချက်များ