ဓာတ်ပုံ−အောင်သစ်လွင်
ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေး ဦး ဒဏ်ရာရခဲ့သည်။
ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက် ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများကပြောသည်။ ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား ၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေး ရုံသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။
‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက် အကြာမှာ နောက်ကားတစ်စီးရောက်လာပြီးအကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့ဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့ကလမ်းရှင်းလင်း မှုများ ပြုလုပ်ပေးခဲ့ရသည်။
ကားမှာ ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲကယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေး စိတ်မသိရသေးကြောင်း ပြောသည်။
7day

မှတ်ချက်များ