တရုတ်နိုင်ငံ Heilongjiang ပြည်နယ် ဘိုးဘွားရိပ်သာ တစ်ခုက လူလေးယောက်ရဲ့ ဝှေးစေ့များကိုဖြတ်မှုနဲ့ အသက် ၄၆ နှစ်အရွယ် လူတစ်ယောက်ကို ဖမ်းဆီး ခဲ့တယ်လို့ Oriental Daily က ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်နေ့မှာ ကုတင်သုံးလုံးဟာ သွေး များပေနေ တာကြောင့် ဂေဟာက တာဝန်ရှိသူ လာရောက် ကြည့်ရှုတဲ့အခါ လူသုံးယောက်ဟာ ကျားအင်္ဂါများ ဖြတ်ခံထား ရတာကို တွေ့ရှိခဲ့တာဖြစ် ပါတယ်။
အသက် ၅၃ နှစ်အရွယ်လူတစ်ဦးနဲ့ ၈၀ အရွယ်လူတစ်ဦးဟာ ကျားအင်္ဂါတစ်လုံးစီ ဖြတ်ခံခဲ့ရတာဖြစ်ပြီး ၆၀ အရွယ်လူတစ်ဦးကတော့ နှစ်လုံးစလုံးဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
နောက်ထပ်လူတစ်ဦးကိုလည်း ဖြတ်ခံထားရကြောင်း တွေ့ရှိခဲ့တာကြောင့် ယနေ့မှာ ဆေးရုံကိုပို့ခဲ့ပါတယ်။
အဖြတ်ခံရသူများအားလုံးက တရားခံဟာ ဂေဟာမှာ အလုပ်လုပ်သူဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂေဟာဝန် ထမ်းတွေရဲ့ အဆိုအရ ဒီလူဟာ စိတ်ပုံမှန်မဟုတ်ဘူးလို့ဆိုပါတယ်။
Qinggang ခရိုင်နဲ့ ခရိုင်အဆင့်ရှိ Suihua မြို့မှ ဒေသဆိုင်ရာအစိုးရက လက်ရှိကိစ္စကို ကိုင်တွယ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။
ယခုအခါမှာ အဖြတ်ခံခဲ့ရသူ လေးယောက်ဟာ အခြေအနေ ပုံမှန်အတိုင်း ဖြစ်နေပြီ လို့ဆိုပါတယ်။
Phothutaw

မှတ်ချက်များ