တူရကီ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pugedon ဟာ လမ်းဘေး စက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ရေသန့်ဘူးများ ကို ပြန် လည်အသုံးပြုပြီး ပိုင်ရှင်မဲ့ခွေးများကို အစားအစာနဲ့ ရေ များ စွန့်ကျဲနိုင်မှာဖြစ်ပါတယ်။ ပုံပါစက်ထဲက အောက် ဘက်အပေါက်ထဲ ရေသန့်ဘူး ထဲက ကျန်နေတဲ့ရေများ ကို လောင်းထည့်ရမှာဖြစ်ပြီး အပေါ်ပေါက် ကနေ ရေ သန့်ဘူးအခွံကို ထည့်လိုက်ရ မှာဖြစ်ပါတယ်။
ဒီအခါမှာ ခွေးစားမယ့် ခွေးစာပေါက်ထဲကို နှစ်ပန်းကန်စာ ခွေးစာများ ကျလာမှာ ဖြစ်ပါတယ်။ဒီစက် အကြောင်း ကြော်ငြာခဲ့တယ့် ဗီဒီယိုဟာလည်း ကြည်နူးစရာ ကောင်းလှပါတယ်။ အိမ်ခြေရာမဲ့ ခွေးလေး တစ်ကောင်ဟာ ဒီစက်နားကို ရောက်လာပါတယ်။ အဘိုးကြီးတစ်ယောက်နဲ့ လူငယ်ပိုင်း တစ်ယောက်ဟာ သူတို့ရဲ့ရေသန့်ဘူးတွေကို စက်ထဲ စွန့်ပစ်လိုက်ကြပါတယ်။
ဒီအခါမှာ အိမ်ခြေရာမဲ့ ခွေးလေးဟာ စက်ထဲက အစားအစာတွေကို အငမ်းမရစားပါတယ်။နောက်ဆုံးမှာ ကလေးတွေ အုပ်စုလိုက်ကြီး ရောက်ချလာပါတယ်။ သူတို့ကတော့ တစ်ဘူးချင်းမဟုတ်ဘဲ ရေသန့် ဘူးတွေ ကို ပုံးလိုက်ကို သယ်လာတာပါ။
ကလေးတွေဟာ သူတို့လုပ်လိုက်တဲ့အလုပ်ကို ဂုဏ်ယူကျေနပ်နေတဲ့ပုံနဲ့ ကင်မရာဘက်လှည့်အော် ရင်း ကြော်ငြာဟာ ပြီးသွားခဲ့ပါတယ်။တစ်မိနစ်စာကြော်ငြာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
Phothutaw

မှတ်ချက်များ