အိမ်မွေးတိရိစ္ဆာန်တွေ ကျွေးတဲ့ အစားအစာတွေ တစ်လ စားသုံးမယ့်သူ
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် မှာနေထိုင်တဲ့ အမျိုးသမီးဟာ အိမ်မွေးတိရိစ္ဆာန်တွေ ကျွေးမယ့် အစား အစာတွေကို တစ်လတိတိ စားသုံး သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့အမည်က ဒိုရိုတီဟန့် တားဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ ကြောင်တို့ စားသုံးတဲ့ အစားအစာဟာ လူသားတွေ စားသုံးတဲ့ အစားအစာလို အာဟာရနဲ့ အရသာရှိတာကို ပြသလိုတာမို့ အခုလို ဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ဟန့်တားဟာ အိမ်မွေးတိရိစ္ဆာန်တွေ ရောင်းချတဲ့ ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့ဆိုင်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တိရိစ္ဆာန်အစာတွေကိုသာ ရောင်းချကြောင်း သက်သေပြလိုတာမို့ တိရိစ္ဆာန်တွေ ကျွေး တဲ့ အစားအစာကို ရက် (၃၀) စားဖို့ စီစဉ်ခဲ့ပါတယ်။ ဟန့်တားဟာ သူ့ရဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက် မှာ စတင်ခဲ့ပါ တယ်။
ဒါပေမဲ့ ဟန့်တားဟာ တိရိစ္ဆာန်တွေကို ကျွေးမွေးတဲ့ အစားအစာတွေကို ရောင်းချရာမှာ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် အချက်ကို အဓိကထားလေ့ရှိပါတယ်။ ဟန့်တားက သူ့ရဲ့ အပြုအမူဟာ ရူးသွပ်စ ရာလို့ ထင်မှတ်စရာ ဖြစ်ပေမယ့် တိရိစ္ဆာန်တွေစားတဲ့ အစားအစာနဲ့ လူသားတွေစားတဲ့ အစားအ စာကို အတူတူ သတ်မှတ်ထားတာမို့ ပြဿနာမရှိကြောင်း ဆိုခဲ့ပါတယ်။
အေသင်အောင် | messenger

မှတ်ချက်များ