တရုတ်နိုင်ငံက ကိုယ့်ဘောကိုယ်တူနဲ့ထုပြီး အပန်းဖြေသူ တစ်ဦး


အသက်ကြီးပိုင်းယောက်ျားတွေဟာ ပန်းခြံလိုနေရာမျိုးကို အပန်းဖြေဖို့လာတတ်ကြပေမဲ့ Zhou Chengli ဆိုတဲ့ လူတစ်ဦးကတော့ သူ့ပေါင်ကြားကို သူကိုယ်တိုင် တူနဲ့ထုဖို့ပန်းခြံကို လာပါတယ်။ပေါင်ကြားကို တူတွေ၊ အုတ်နီ ခဲတွေနဲ့ ထုတယ်ဆိုတာ သူ့အတွက်တော့ အပန်းဖြေလေ့ကျင့်ခန်းလုပ် တာ ဖြစ်ပါတယ်။

အသက် ၇၀ အရွယ် Zhou Chengli ဟာ ” စတီးဘော” ပိုင်ရှင် ဖြစ်ပါတယ်။ဒီလိုမာကျောတဲ့ အင်္ဂါပိုင်ရှင်ဖြစ် ဖို့ သူဟာ ရှေးဟောင်းကွန်ဖူးသိုင်းပညာတစ်မျိုးကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာဖြစ်ပါတယ်။ Tie Dang Gong လို့ နာမည်ကြီးတဲ့ “သံပေါင်ကြား” သိုင်းပညာဟာ အလွန်ရှားပါးပြီး လေ့ကျင့်ဖို့လည်း အလွန် ခက်ခဲတယ် လို့ဆိုပါတယ်။

ဒီသိုင်းပညာရဲ့နည်းစနစ်တွေကို တိတိကျကျသိတဲ့လူလည်း အလွန်ရှားပါးတယ်။လူတွေဟာ မဟုတ်တဲ့နေ ရာတွေမှာ သုံးကြမှာစိုးတဲ့အတွက် ဆရာတွေဟာ ယုံကြည်လောက်တဲ့တပည့်တွေကိုသာ လျှို့ဝှက် လက် ဆင့်ကမ်းခဲ့ကြတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံ Hubei ပြည်နယ်က Zhou Chengli ကတော့ ဒီသံမဏိပေါင်ကြားသိုင်ပညာကိုအထပ်ထပ်လေ့ ကျင့်ထားသူဖြစ်ပြီး သူ့ရဲ့အင်္ဂါကို တူများ၊ အုတ်ခဲများနဲ့ ထုထောင်းပြရာမှာ တစ်ချက်လေးတောင် မတွန့်ခဲ့ပါ ဘူး။

သံမဏိပေါင်ကြား သိုင်းပညာကို သင်ယူရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ပထမပိုင်းကတော့ တရားထိုင်ခြင်း များ နဲ့ ကျောက်ကပ်အားကောင်းအောင် နှိပ်နယ်ခြင်းများ ပါဝင်ပါတယ်။ သံမဏိပေါင်ကြား သိုင်းဆရာတွေ က ယောက်ျားတစ်ယောက်ရဲ့ အင်္ဂါသန်မာဖို့ ကျောက်ကပ်က အဓိကအကျဆုံးလို့ယုံကြည်ပါတယ်။

ဒုတိယပိုင်းမှာတော့ အထူးတရားထိုင်နည်းတွေအပါအဝင် အင်္ဂါအသုံးပြု ဝိတ်မခြင်းတွေပါဝင်ပါတယ်။သေး ငယ်တဲ့အလေးချိန်ကနေစတင်ကာ တဖြည်းဖြည်း ပိုမသွားရာမှာ ဖြစ်ပါတယ်။ ကြိုးစားတဲ့ တပည့် တစ်ယောက် ဟာ အနည်းဆုံးပေါင် ၅၀ လောက်တော့ မနိုင်တယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က Zhou Chengli ဟာ တရုတ်ရုပ်သံအစီအစဉ် China’s Got Talent မှာ ပါဝင်ဖို့အတွက် ဝင်ရောက်အရွေးခံရာမှာ သူရဲ့သံမဏိပေါင်ကြားပြကွက်တွေကို ဒိုင်လူကြီးတွေတောင် ကြည့်ဖို့ မရဲခဲ့ဘူး လို့ဆိုပါတယ်။

phothutaw

မှတ်ချက်များ