၁၇ စတုန်ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသားပိုကြီးကို ပေကျင်းဆေးရုံမှ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့
ကမ္ဘာမှာအကြီးဆုံးအသားပိုကြီးကို လူတစ်ယောက်တဲ့ ခြေထောက်ကနေ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ Shanxi ဒေသ၊ အသက် ၃၇ နှစ်အရွယ် Yang Jianbin ဆိုသူရဲ့ နောက်ကျောမှာ မွေးကတည်း ပါလာတဲ့ အသားပိုဟာ အသက်နဲ့ အမျှကြီးထွားလာခဲ့ပြီး နောက်ဆုံးမှာတော့ ၁၁၀ ကီလိုဂရမ်အရွယ်အစား ထိ ရှိသွားခဲ့ပါတယ်။
ဒီ အသားပိုဟာ အရမ်းကြီးမားတဲ့အတွက် Yang ဟာ တစ်နေကုန် အိပ်ရာထဲမှာ သာ လဲလျောင်း ဒါမှမဟုတ် ထိုင်သာ ထိုင်နေနိုင်ပါတယ်။
Neurofibromatosis လို့ ခေါ်တဲ့ မွေးရာပါအာရုံကြောရောဂါတစ်ခုကြောင့် ဆဲလ်တစ်ရှူးတွေလိုတာထက် ပိုပြီး၊ ပုံမှန် မဟုတ်ပဲ တိုးပွားလာတဲ့အတွက် အခုလို အသားပိုတွေ ဖြစ်လာတတ်ပါတယ်။
ခွဲစိတ်ဆရာဝန်ချုပ် Chen Minliang က “ ကျွန်တော်တို့ အခုလို Neurofibromatosis ရောဂါရှင်တွေ ကြုံဖူးပါ တယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ ကျွန်တော်တို့ မြင်ဖူးသမျှ အကြီးဆုံးအာရုံကြောအသားပို ကြီးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ခွဲစိတ်စဉ်အတွင်းမှာ Yang ကို ဆေးရုံကုတင်နှစ်လုံးအသုံးပြုခဲ့ရပြီး ခွဲစိတ်မှုဟာ ၁၆ နာရီကြာမြင့်ခဲ့ပါတယ်။
ခွဲစိတ်မှုကြောင့် သွေး မီလီလီတာ ၅၀၀၀ ထွက်ခဲ့ပြီး ဆယ်ကျော်သက်တစ်ယောက်ရဲ့ တစ်ကိုယ်လုံးမှာ ရှိ တဲ့ သွေးစုစုပေါင်း ပမာဏထက် ပိုများပြားပါတယ်။
Trend Myanmar

မှတ်ချက်များ