သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲခြင်း ဗဟန်းတရားရုံးကပယ်ချ
မဟာသန္တိသုခကျောင်းတိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရသော သံဃာတော်ငါးပါးက မဟာသံဃနာယက အဖွဲ့ကို ပြန်လည်တရားစွဲဆိုရန် ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့ရာ မြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အမှုရင်ဆိုင်နေရသော အင်္ဂလန်ဆရာတော် အပါအဝင် သံဃာတော်ငါး ပါးသည် မဟနက ၎င်းတို့အား မတရားတားဆီးကန့်ကွက်မှုနှင့် မတရားဖမ်းဆီးဖိနှိပ်မှုတို့အတွက် ဗဟန်းမြို့ နယ်တရားရုံး၌ အမှုဖွင့်ရာ မြို့နယ်တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်သည်။
လာရောက် တရားစွဲဆိုသော အမှုသည် တာမွေမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေရသော အမှုနှင့် စပ်လျဉ်းသောကြောင့် ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အင်္ဂလန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
7day daily

မှတ်ချက်များ