ငါးမန်းတွေနဲ့ နေရတာ နှစ်သက်တဲ့ ကောင်မလေး


သြစတြေးလျနိုင်ငံမှာရှိတဲ့ အသက် (၂၀) နှစ်အရွယ် မာဒီဆန်စတီးဝပ်ဟာ ငါးမန်းတွေ နဲ့ နေထိုင်ရတာ ကို နှစ်သက်သဘောကျခဲ့ပါတယ်။ အသက် ခုနစ်နှစ်အရွယ်ကတည်းက ပင်လယ်ရေအောက်မှာ ငါးမန်းတွေ နဲ့အတူ ကျင်လည်ခဲ့တဲ့ စတီးဝပ်ဟာ အသက် (၁၄) နှစ်အရွယ်မှာတော့ အရာ အားလုံးကိုစွန့်လွှတ် ပြီး ရေအောက်ထဲမှာ ငါးမန်းတွေကို ကင်မရာ မှတ်တမ်းတင်မှု အလုပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

သူ့ကို ငါးမန်းကောင်မလေးလို့ လည်း ခေါ်ခဲ့ကြပါတယ်။ သူဟာ စိမ်းပြာပြာပင်လယ် ရေကို ချစ်မြတ်နိုးပြီး မိသားစု၊ သူငယ်ချင်း၊ ကျောင်းတို့ကို စွန့်လွှတ်ပြီး ငါးမန်းတွေနဲ့ အနီးကပ်ဆုံး နေထိုင်ခဲ့ပါတယ်။ စတီးဝပ်ရဲ့ ရည် မှန်းချက်က ငါးမန်းတွေကို အန္တရာယ်ရှိတဲ့ သတ္တ၀ါအဖြစ် မသတ်မှတ်ဖို့ပဲဖြစ်ပါတယ်။

ဒါကြောင့်စတီးဝပ် ဟာ ငါးမန်းတွေ နဲ့ အနီးကပ်ဆုံး နေထိုင်ပြခဲ့ပါတယ်။ စတီးဝပ်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ငါးမန်းတွေနဲ့ နေထိုင်ခြင်းကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးပြီး ဖြန့်ချိခဲ့ပါတယ်။ စတီးဝပ်က ကျွန်မ ဟာ ငွေကြေးကြောင့် ဒီအလုပ်ကို လုပ်နေတာမဟုတ်ပါဘူး။ ကျွန်မ အနေနဲ့ ငါးမန်းတွေကို ချစ်မြတ်နိုးလို့ လုပ်ရ တာဖြစ်ပါတယ်။

ပင်လယ်ပြင်ကြီးမှာ ဘာအန္တရာယ်မှ မရှိတော့ရင် ကျွန်မအနေနဲ့ အလုပ်ထွက်ဖို့ အဆင်သင့်ပါ လို့ ပြောကြား ခဲ့ပါ တယ်။ ငါးမန်းတွေဟာ ကြောက်စရာ မကောင်းကြောင်း စတီးဝပ်အနေနဲ့ လက်တွေ့သရုပ်ပြမှု တွေ ပြု လုပ်ခဲ့ပါတယ်။ ငါးမန်းတွေကို အများအပြား ရှိနေတဲ့နေရာမှာ ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ရေကူးမှုတွေ လည်း ပြုလုပ်ပြခဲ့ပါတယ်။

ငါးမန်းတွေမသတ်ဖြတ်ဖို့ ပြုလုပ်ရာမှာ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း စတီးဝပ်ကဆိုခဲ့ပါ တယ်။ လက်ရှိအချိန်မှာ အသက် (၂၀) ရှိနေပြီဖြစ်တဲ့ စတီးဝပ်ဟာ ငါးမန်းတွေနဲ့ အနီးကပ် နေထိုင်ပြီး ယုံကြည်ရာကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

messenger

မှတ်ချက်များ