ဝါးခယ်မမြို့နယ်က အလယ်တန်းကျောင်းတစ်ခုမှာ စာသင်ခန်းထဲက သောက်ရေအိုးထဲကို ကျောင်း သား တစ်ယောက်က စိုက်ပျိုးရေးသုံး ပိုးသတ်
ဆေးတွေ ထည့်ခဲ့တယ်လို့ ရွှေလောင်းရဲစခန်းတာ ဝန်ကျရဲ အရာ ရှိက ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကုလား ကျွန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှာ ဇူလိုင်လ(၇)ရက်နေ့က အသက်(၁၃)နှစ်အ ရွယ် ပဉ္စမတန်းကျောင်းသား တစ်ယောက်က
သောက်ရေ အိုး ထဲကို စိုက်ပျိုးရေးဆေးမှုန့် ထည့်ခဲ့တာဖြစ်တယ်လို့ ရွှေလောင်းရဲစခန်း တာဝန်ကျရဲ အရာရှိက ဆိုပါတယ်။
ဒီသောက်ရေအိုးထဲက ရေကို သောက်မိတဲ့ ကျောင်းသား ၁၃ ယောက်ဟာ မူးဝေ အော့အန်လာကြ တာကြောင့် ဝါးခယ်မ ဆေးရုံကို ပို့ပြီး ကုသခဲ့ရတယ်လို့ ကျောင်းသားမိဘတွေ ဆီကနေ သိရပါတယ်။
ဆေးခတ်တယ်ဆိုတဲ့ ကျောင်းသားဟာ မြန်မာ့သြဘာ ကုမ္ပဏီထုတ် စိုက်ပျိုးရေးဆေးမှုန့်၊ ဆေးရည်တွေ ထည့်ထားတဲ့ ပလပ်စတစ် အိတ်ကို ရေအိုးထဲ ထည့်ခဲ့တာဖြစ်ပါတယ်။
“ဒီဖြစ်ရပ်ကို ကျူးလွန်တဲ့ ကျောင်းသားကို ရဲစခန်းမှာ ထိန်းသိမ်းထားဖို့ မြို့နယ်တရားသူကြီး ဆီမှာ ခွင့်ပြု မိန့် တောင်းခံထားတယ်” လို့ တာဝန်ကျ ရဲအရာရှိက ပြောပြပါတယ်။
ဆေးခတ်တယ်ဆိုတဲ့ ကျောင်းသားဟာ အတန်းဖော် သူငယ်ချင်းတွေနဲ့ ဇူလိုင်လဆန်းပိုင်းမှာ ရန်ဖြစ်ခဲ့တာ မျိုး ရှိခဲ့တယ်လို့ ဆေးရုံတက်ခဲ့ရတဲ့ ကျောင်းသားတွေ ဆီကနေ သိရပါတယ်။ လက်ရှိမှာ ကျောင်းသားကို (ပ)၂၄/၂၀၁၄ ပြစ်မှုပုဒ်မ (၃၂၈) နဲ့ အမှုဖွင်ထားတာကို ရွှေလောင်းရဲစခန်းရဲ့မှတ်တမ်းမှာ ဖော်ပြထားပါ တယ်။
The Voice

မှတ်ချက်များ