သင်တစ်ခါမှ စဉ်းစားကြည့်မိမှာ မဟုတ်တဲ့ အံ့သြဖွယ် သင့်ခန္ဓာကိုယ်အကြောင်း
လူ့ခန္ဓာကိုယ်ဟာ အရမ်းအံသြဖို့ကောင်းပါတယ်။ သင့်ကိုအံ့သြသွားစေမယ့် လူ့ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ ပတ်သတ်တဲ့အချက်တွေကို လေ့လာကြည့်ရအောင်။
၁။ လျှာပေါ်ရှိအရသာရဲ့ ၈၀% - ၉၀%နီးပါးဟာ ကျွန်မတို့ရဲ့ အနံ့ခံအာရုံခံစားမှုကြောင့်ပဲ ဖြစ်ပါတယ်။
၂။ သင့်နှလုံးခုန်နှုန်းဟာ တစ်နှစ်မှာ ၃၅၀၀၀၀၀၀ကြိမ်လောက် ရှိပါတယ်။ ပျှမ်းမျှလူ့သက်တမ်း တစ်လျှောက်မှာ လူရဲ့နှလုံးဟာ ၂.၅ကုဋေထက်မက ခုန်တယ်ဆိုတဲ့သဘောပါပဲ။
၃။ သင့်ခန္ဓာကိုယ်မှာ သွေး ၅.၆လီတာခန့် ရှိတယ်။ မိနစ်တိုင်း သင့်ခန္ဓာကိုယ်အတွင်း သုံးကြိမ် လည်ပတ်ပါ တယ်။ ဒါဆိုရင် တစ်ရက်မှာ သင့်သွေးဟာ စုစုပေါင်း ၁၉၀၀၀ ကီလိုမီတာ (၁၂၀၀၀မိုင်) ခန့် သွားနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကွာအဝေးကတော့ အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပင်လယ်ကမ်းခြေ တစ်ဖက်ကနေ တစ်ဖက်အကွားဝေးလေးဆနဲ့ ညီမျှပါတယ်။
၎။ လူ့သက်တမ်းတလျှောက် ပျှမ်းမျှအားဖြင့် နှလုံးကနေ သွေးတွေ ဆီပိုင်း၁၀၀၀၀၀၀ ခန့် စုပ်ထုတ်ပေး ပါတယ်။
၅။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အကြီးအသေး အမျှင်အားလုံး ဆက်ထားမယ်ဆိုရင် စုစုပေါင်းအရှည် ဟာ မိုင်၆၀၀၀၀ (၁၀၀၀၀၀ ကီလိုမီတာ)ခန့်ရှိနိုင်ပါတယ်။ ကမ္ဘာကြီးကို နှစ်ပတ်ခွဲ နီးပါးပတ်နိုင်တဲ့အ ရှည်လောက် ရှိပါတယ်။
၆။ ပျှမ်းမျှအားဖြင့် ၂မီလီမီတာ လေးပဲထူတဲ့ သင့်အရေပြားကတောင်မှ သွေးရဲ့ထောက်ပံ့မှု ရှစ်ပုံတစ် ပုံတောင် ရယူထားပါတယ်။
၇။ ဦးခေါင်းဟာ အရိုးလုံးတစ်ခုလို ထင်ရပေမယ့် တကယ်တော့ သီးခြားအရိုး ၂၂ခုပေါင်း စပ်ထားတာဖြစ်ပါ တယ်။
၈။ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အစာခြေလမ်းကြောင်းတစ်ခုလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ၆မီတာမှ ၉မီတာ (ပေ၂၀ - ၃၀) ထိ ရှည်ပါတယ်။
၉။ အနီရောင်သွေးဆဲလ်တွေဟာ အခြားသန်း၆၀၀၀ ဆဲလ်တွေကို စားသုံးရင်း ခန္ဓာကိုယ်အနှံ့ ၄လခန့် အသက်ရှင်ပြီးတော့ သူတို့ပေါက်ဖွားရာ ရိုးတွင်းခြင်ဆီအတွင်းကိုပဲ သေဖို့ ပြန်လှည့်လာကြတယ်။
၁၀။ ဆံပင်ဟာ လစဉ် ¼ လက်မ (၆မီလီမီတာ) ခန့်ရှည်နိုင်ပါတယ်။ ပြီးတော့ ၆နှစ်ထိ ဆက်လက် ဖွံ့ဖြိုးလာ ပါတယ်။ ၄င်းဆံပင်ဟာ ကျွတ်ကျပြီး အဲနေရာမှာပဲ အခြားဆံပင်တစ်ချောင်းပြန်ထွက်လာပါတယ်။
၁၁။ ကျန်းမာနေတဲ့ခံတွင်းကနေ ပျှမ်းမျှအားဖြင့် ၆၀၀ မီလီလီတာခန့် နေ့စဉ်ထုတ်ပေးပါတယ်။ ၁၂အောင် စရှိတဲ့ ဆိုဒါပုလင်းအပြည့်နဲ့ညီမျှပါတယ်။
၁၂။ အမြန်ဆုံးရွှေ့လျားနေတဲ့အာရုံကြောဆဲလ်တွေက သတင်းပို့တဲ့အချိန်မှာ တစ်စက္ကန့်အတွင်း ၁၃၀ကိုက် အမြန်နှုန်း နဲ့ ပြေးလွှားနိုင်ပါတယ်။
Lily | Trend Myanmar

မှတ်ချက်များ