ထူးစမ်းအံ့သြဖွယ် ..နံရံပေါ်တွယ်တက်ဖို့အတွက် တောက်တဲ့တွေ လျှပ်ငြိမ်လျှပ်စစ်အား အသုံးပြု


တောက်တဲ့တွေဟာ နံရံတွေပေါ်တက်တာ၊ ကားပေါ်မှာ တောက်တဲ့ရှိနေရင် ခင်ဗျားရဲ့ကားကို အာမ ခံပေးနိုင်တယ်ဆိုတာမျိုးတွေဟာ အံ့သြစရာကောင်းတဲ့ အရာတွေပါ။ သူတို့တွေ ပြောင်ချောတဲ့ အလျားလိုက် နံရံမျက်နှာပြင်တွေအပေါ်ရောက်အောင် ဘယ်လို တက်ကြ တာလဲ။ တောက် တဲ့တွေ ဖြည်းဖြည်းချင်းတွယ်တက်ကြရတာ ဖြစ်တယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေ အရင်တုန်းက ယူဆထားခဲ့တာ မေးခွန်းထုတ်စရာတစ်ခုဖြစ်ပါတယ်။

လျှပ်ငြိမ်ဓာတ်အားတွေဟာ တောက်တဲ့တွေကို နံရံပေါ်တွယ်တက်စေနိုင်တဲ့ အဓိကကျတဲ့အချက်တစ် ခုဖြစ်တယ်လို့ စာတမ်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အရင်တုန်းက တောက်တဲ့တွေ van der Waals တွေပေါ် တွယ်ကပ်စေနိုင်တဲ့ အချက်က တောက်တဲ့တွေရဲ့ခြေဖ၀ါးမှာရှိတဲ့ သေးငယ်တဲ့ အမွေးတွေ နှင့် တွယ်တက်တဲ့နံရံ မျက်နှာပြင် တွေရဲ့ အပြန်အလှန်ဆွဲအား ကြောင့် ဖြစ်တယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားကြပါတယ်။

လျှပ်ငြိမ်ဓာတ်အားဟာ တောက်တဲ့တွေပြုတ်မကျအောင် တွယ်တက်စေနိုင်တဲ့ အဓိကအချက်ဖြစ်တယ်လို့ Yale တက္ကသိုလ်က သုတေသနပညာရှင် Hadi Izadi ရဲ့ လေ့လာချက် အသစ်တစ်ရပ်က ဖော်ပြထား ပါတယ်။ တောက်တဲ့တစ်ကောင် နံရံပေါ်တက်တဲ့အခါ လျှပ်ဖိုတောက်တဲ့တစ်ကောင် နှင့် ဆန့်ကျင်ဘက် အနုတ်သဘောဆောင်မျက်နှာပြင်ဖြစ်စေပြီး ခြေဖ၀ါးဆီသို့ Electron ကိုထုတ်ပေးပါတယ်။

ဒါပေမဲ့ သုတေသနပညာရှင်တွေအတွက် ရှေ့ဆက်ဖြေရှင်းချက်လုပ်ရန် ခက်ခဲတဲ့အခြေအနေတစ် ခုဖြစ်စေနိုင်တဲ့အတွက် သိပ္ပံပညာရှင်တွေအားလုံးက Izadi ရဲ့လေ့လာတွေ့ရှိချက်ကို လက်မခံကြပါဘူး။


Victor. Paa Tung | Trend Myanmar

မှတ်ချက်များ