တရုတ်နိုင်ငံတွင် ရေကြီးမှုကြောင့် လူ ၁၀၀၀ ကျော် ဘေးလွှတ်ရာ ကယ်တင်ခဲ့ရ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ရေကြီးနေတာကြောင့် လူ ၁၀၀၀ ကျော်ကို ဇူလိုင်လ ၅ရက်နေ့က ဘေး လွှတ်ရာ ကယ်တင်ခဲ့ရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းက မိုးသည်းထန်ပြီး အကြီးစား မြေပြို မှုတွေ ဖြစ်ခဲ့တာပါ။

ရှင်ဟောင် ဒွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုထဲက ဟွာအိုင်ဟွာ မြို့ငယ်လေးမှာ အိမ်တချို့ ရေအောက် နစ်မြှုပ်ခဲ့ပြီး လူတယောက် လည်း ပျောက်ဆုံးနေပါတယ်။

ဒေသအစိုးရက သဘာဝကပ်ဘေးကျရောက်နေတဲ့ ဒေသဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ မြေတူးစက်တွေ ၊ လှေတွေ ကို ပို့ထားပါတယ်။

DVB

မှတ်ချက်များ