ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များနှင့် နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တွေ့ဆုံမည်

သမ္မတသက်တမ်း သုံး နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပ ညာနယ်ပယ်အသီးသီးမှ အနုပညာရှင် များနှင့် ပထမဆုံးအကြိမ် တွေ့ ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၁၂ ရက်တွင် အနုပညာရှင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက အနုပညာအသိုင်း အ၀ိုင်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ခွင့် တောင်းထားသော် လည်း မည်သို့မျှ အကြောင်းမ ပြန်ခဲ့ပေ။

ယခုအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင် လှုပ်ရှားနေသည့် ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးမှုများ အရှိန်မြင့်လာ ချိန်တွင်မှ သမ္မတ က တွေ့ ဆုံရန် အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်ဇာဂနာ က ဆို သည်။

‘‘ဒီမနက်မှာ သမ္မတက နောက်အပတ် စနေနေ့ (ဇူလိုင် ၁၂)မှာ တွေ့ခွင့်ပြုမယ်လို့ ပြော ပါတယ်။ ကိုလူမင်းတို့ဆို သုံးလပိုင်းကတည်းက စာတင်ထားတာ။ တွေ့မယ့်တွေ့တော့ ရုပ်ရှင်တစ် ခုတည်း မဟုတ်ဘဲ ဂီတနဲ့ သဘင်ကိုပါ တွေ့ဖို့စီစဉ်လိုက်တာ။ သမ္မတတက်လာပြီးတည်းက အနုပညာသမားတွေ ဟာ အခက်အခဲတွေ၊ ပြောချင်တာတွေတစ် ခုမှ တွေ့ပြီး ပြောခွင့်မရသေးဘူး။ အခု ၄၃၆ ကိစ္စကလည်း ရှိနေတော့ကဲ . . . မင်းတို့ဘာရင်ဖွင့်ကြမလဲ ဆိုပြီး သူ့ဘက်ဆွဲခေါ်ချင်လို့ တွေ့ ခွင့်ပေးတာလို့ ကျွန်တော် ထင် တယ်’’ဟု ဇာဂနာကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းနှင့် မြန်မာ့ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှစ်နေရာအနက် အဆင်ပြေသည့် နေရာတွင် တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် လက်ထက်အ တွင်း ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပ ညာရှင်များသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်ခြံဝင်းအတွင်း နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်ဆန္ဒရှိသည့် ပညာရေး၊ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲများတွင် အနုပညာရှင် များက၀န်းရံခဲ့သည်။

အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လက်မှတ်ရေးထိုးလှုပ် ရှားမှုတွင် အနုပညာရှင်များ ပါဝင်လက် မှတ်ရေးထိုးသည့် ပုံရိပ်များ အွန်လိုင်း စာမျက်နှာများ တွင် နေရာယူခဲ့ပြီး လက်မှတ်ရေး ထိုးသူပေါင်း သုံးသန်းကျော်ရရှိ ထားသည်ဟု NLD က ထုတ်ပြန် လိုက်ပြီးနောက် ယခုကဲ့သို့ သမ္မတဦးသိန်းစိန်က ရန်ကုန်တွင် အနုပညာရှင်များနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

7day

မှတ်ချက်များ