နိုင်ငံတကာမှ လှူဒါန်းမှုများဖြင့် ဟံသာဝတီဦးဝင်းတင် အမှတ်တရပြတိုက် ပြုလုပ်မည်



နိုင်ငံတကာမှ လှူဒါန်းမှုများဖြင့် ၂ဝ၁၄ ဧပြီက ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဟံသာဝတီဦးဝင်းတင်အတွက် အမှတ်တရပြတိုက် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဟံသာဝတီဦးဝင်း တင် ဖောင်ဒေးရှင်းမှ သိရသည်။

ဇူလိုင် ၇ ရက်က ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင်ပြုလုပ်သည့် ဟံသာဝတီဦးဝင်းတင်နှင့် ၎င်း ၏ဖောင်ဒေးရှင်းအား ကိုရီးယားမှ ချီးမြှင့်သည့်လူ့အခွင့်အရေးဆုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမိုးသူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မေ ၂၄ ရက်မှာ ကိုရီးယားနိုင်ငံ The Truth Foundation ကဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ သူ့ရဲ့ဖောင်ဒေးရှင်းကို ချီးမြှင့်တဲ့ သူတို့အခေါ် လူ့အခွင့်အရေးဆုကို ကျွန်တော်တို့သွားရောက်ယူခဲ့တဲ့အခါမှာ သူတို့ဆီက ဦးဝင်းတင်ဖောင်ဒေးရှင်းလုပ်ဖို့ လှူဒါန်းတာတွေဘာတွေနဲ့ ကျွန်တော်တို့ သူ့အမှတ်တရပြ တိုက်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အစကတော့ သူနေထိုင်ခဲ့တဲ့ အိမ်မှာပဲလုပ်မယ်ဆိုပြီး စီစဉ်ခဲ့ပေမယ့် ပြ တိုက်အတွက် နိုင်ငံတကာက လှူဒါန်းတာတွေလည်း ရှိတဲ့အတွက် ကျွန်တော်တို့ဒါတွေနဲ့ သူ့အမှတ်တရပြ တိုက်လေး ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်”  ဟု ဦးမိုးသူက ပြောကြားသည်။

လက်ရှိတွင် ပြတိုက်တည်ထောင်ရန်အတွက် ကိုရီးယားနိုင်ငံမှ အမျိုးသားဒီမိုကရေစီ အဖွဲ့များနှင့် TheTruth Foundation မှ လှူဒါန်းထားမှုများ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။                              

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် အသက် ၈၄ နှစ်အရွယ် ၂ဝ၁၄ ဧပြီ ၂၁ ရက် နံနက်ပိုင်း တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ The Truth Foundation မှ ချီးမြှင့်သည့် လူ့အခွင့်အရေးဆုအား ၎င်းကွယ်လွန်ပြီး တစ်လအကြာတွင်မှ ၎င်းတည်ထောင်ခဲ့သည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသို့ ကိုယ်စားပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆုတံဆိပ်နှင့်တကွရရှိခဲ့သည့် ချီးမြှင့်ငွေ ဒေါ်လာတစ်သောင်းအား ဖောင်ဒေး ရှင်းမှ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကာ  နိုင်ငံရေးအကျဉ်းသားဟောင်းများအား ငွေကြေးထောက် ပံ့မှုများအား ပိုမိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာလီမြင့်ဦး | EMG

မှတ်ချက်များ