တယ်လီကွန်း လိုင်စင်ရရှိသည့် တစ်နှစ်ပြည့်အလှူကို Ooredoo က ဘုန်းကြီးကျောင်း၌ ပြုလုပ်
Ooredoo မြန်မာသည် မြန်မာနိုင်ငံ၌ တယ်လီကွန်လိုင်စင်ရရှိသော တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော် အရှင်ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင် တည်ထောင်ထားသည့် ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေး ပင်မြို့နယ် ၊ ခုံအင်းကျေးရွာအုပ်စု ၊ ကြံခင်းရွာရှိ ပြည်သူ့အားမာန် ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ ဇွန်လ ၂၇ ရက် သောကြာနေ့တွင် သွားရောက်ပြီး အလှူဒါနများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Ooredoo မြန်မာက စာသင်ကြားရေးတွင် ကျောင်းသားများ နှင့် ဆရာများကို အထောက်အကူ ဖြစ်စေ မည့် ကျောင်းသုံးစာရေး ကိရိယာများကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ အနေနဲ့ အင်မတန်မြတ်နိုးစရာ ကောင်းတဲ့ မြန်မာမှူ မြန်မာ့ဟန်ကို ထိမ်းသိမ်းရင်း အလှူဒါ န ပြုရခြင်း ဖြစ်ပါတယ်။” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင်အရာရှိချုပ် Ross Cormack က ပြော သည်။
Ooredoo သည် ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ အော်ပရေတာ လုပ်ကိုင်ခွင့်ကို လွန်ခဲ့သည့် တစ်နှစ်ကရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မကြာသေးခင်က ကန့်ကွက်ဆန္ဒပြ မှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဆက်သွယ်ရေးအော်ပရေတာ တစ်ခုလည်းဖြစ်သည်။
Internet Journal

မှတ်ချက်များ