ထိတ်လန့်စရာကောင်းတဲ့ မတော်တဆမှု ဖြစ်ခဲ့ပေမယ့် သေဆုံးသူမရှိ


မော်စကိုကနေ ယူကရိန်းကိုသွားမယ့် အဝေးပြေး လမ်းမကြီး တစ်နေရာမှာ ထိတ်လန့်စရာ ကောင်းတဲ့ မတော်တဆမှု ဖြစ်ခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ သေဆုံးသူ မရှိခဲ့ကြောင်း သိရပါတယ်။

ကုန်တင်ကားမောင်း နှင်သူတစ်ဦးဟာ လူကူးမြင်းကျားကနေ ဖြတ်ကူးလာတဲ့ လူခြောက်ဦးကို တိုက်မိခဲ့တာဖြစ်ပေမယ့် ဒဏ်ရာရရုံကလွဲပြီး သေဆုံး မှုမရှိခဲ့ လို့ အံ့အားသင့်စရာဖြစ်ခဲ့ရတာပါ။

ကုန်တင်ကား မောင်းသူဟာ ရေဒီယိုအစီအစဉ်ကို ပြောင်းလဲ နားထောင်ဖို့ ကြိုးစားရာမှတစ်ဆင့် ရှေ့က ကားကို ရုတ်တရက်ဝင်တိုက်ပြီး လမ်းကြောင်း ပြောင်းကာ တစ်ဖက်ယာဉ်ကြောကို ရောက်သွားပြီးနောက် အုပ်စုလိုက်လမ်းဖြတ်ကူးလာ တဲ့လူအုပ်ကို တိုက်မိသွား ခြင်းဖြစ်ပါတယ်။

လမ်းဖြတ်ကူးသူတွေဟာ ကုန်တင်ကားကို ရှောင်လွှဲဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မရတော့ဘဲ ထိခိုက်မိ သွားခြင်းဖြစ်ပါတယ်။ ဒီယာဉ်တိုက် မှုကြောင့် အခြားကားနှစ်စီးလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်စွာ ရခဲ့သူနှစ်ဦးပဲ ရှိခဲ့ပြီး သူတို့ကို ဆေးရုံမှာ ကုသပေးခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးက ဆေးရုံက ဆင်းသွားပြီဖြစ်ပေမယ့် ပြန်လည်ကျန်းမာလာဖို့ အချိန်ယူရဦးမှာဖြစ်ပြီး ဦးခေါင်းဒဏ်ရာ ရထားတဲ့အမျိုးသားတစ်ဦးရဲ့ အခြေအနေက တဖြည်းဖြည်း တိုးတက်လာတယ်လို့ သိရပါတယ်။ မဆင်မခြင် မောင်းခဲ့တဲ့ ကုန်တင်ကားမောင်းနှင်သူကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ် သွားဖို့ စွဲချက်တင်ထားပါတယ်။

အေသင်အောင် | Messenger

မှတ်ချက်များ