နေမာနေရာတွင် ဝီလီယံကို အစားထိုးရန် သီယာဂိုဆေးလ်ဗား ထောက်ခံ
ဘရာဇီးအသင်းခေါင်းဆောင်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို ဒဏ်ရာရသွားသည့် နေမာနှင့်အတူ လွဲချော်မည့် သီယာဂိုဆေးလ်ဗားက အသင်း၌ နေမာနေရာ အစားထိုးရန် ဝီလီယံကို ထောက်ခံလိုက်သည်။
‘‘နေမာက ဒီတစ်ကြိမ်မှာ အိပ်မက်တွေအများကြီးရှိခဲ့တဲ့ လူငယ်ပါ။ ကျွန်တော်တို့မှာ အရန်တွေ ကောင်း
ကောင်းရှိနေပါတယ်။ ဝီလီယံကို ကျွန်တော်အများကြီး ယုံကြည်တယ်။ သူက နေမာလိုပုံစံမျိုးပဲ ကစားပြီး ဒီပွဲမှာ ကွက်လပ်ဖြည့်ပေးနိုင်မှာပါ’’ဟုဆေးလ်ဗားကပြော သည်။ ဆေးလ်ဗားသည် နေမာ ဂျာမနီနှင့်ပွဲတွင် မပါဝင်နိုင်ခြင်းမှာ ခက်ခဲမည်ဖြစ်သော်လည်း တစ်ဦးချင်းထက် အသင်းလိုက်က ပိုအရေးကြီးကြောင်း ဆိုသည်။
7day

မှတ်ချက်များ