အိုးလ်ထရက်ဖို့ဒ်ကွင်း ပုံစံနဲ့ ပတ်ဂျီဆန်ရဲ့ မင်္ဂလာဆောင် ဖိတ်စာ

တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်း ပတ်ဂျီဆန် ဟာ လာမယ့် ဇူလိုင် (၂၇) မှာ ချစ်သူဖြစ်သူ ကင်မင်ဂျီနဲ့ လက် ထပ် မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းမှာ (၇)နှစ်ကြာ ပါဝင်ကစားခဲ့ဖူးတဲ့ ပတ်ဂျီဆန်ဟာ အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းကို အချိန်တိုင်းမှာ သတိ ရနေကြောင်း သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာက သက်သေ ပြ သသွားခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့မင်္ဂလာဆောင် ဖိတ်စာ ကို အိုးလ်ထရက်ဖို့ဒ်ကွင်း ဒီဇိုင်းပုံစံအတိုင်း ပြုလုပ်ခဲ့ ပါတယ်။

ဖိတ်စာကို ဖွင့်လိုက်တဲ့အခါမှာ ပွဲ ကြည့်စင်နဲ့ မြက်ခင်းစိမ်း ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။ ပွဲကြည့်စင်ပေါ်မှာ မင်္ဂလာဆောင် ကြမယ့်ပတ်ဂျီဆန် နဲ့ ကင်မီဂျီတို့ရဲ့အမည်ကို ရေးထိုးထားပါ တယ်။ နောက်ပြီး The Wedding of Dream ဆိုတဲ့ စာသားကိုလည်း ရေးထိုးထားပါတယ်။

မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းဆောင်ပုဒ်က Theatre of Dreams ကို နမူနာယူပြီး ရေးထိုး ထားခြင်း ဖြစ်ပါတယ်။ ပတ်ဂျီဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်မှာ ဘောလုံးလောကကနေ အနားယူခဲ့ရပါတယ်။ ပတ်ဂျီဆန်ကို မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ခေါ်ယူခဲ့ခြင်းဖြစ်ပါ တယ်။

ပတ်ဂျီဆန်ဟာ မန်ယူမှာကစားခဲ့တဲ့ ကာလတွေမှာ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ် ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရယူပေးခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ အရေးပါ တဲ့ နေရာမှာရှိခဲ့တဲ့ မန်ယူအသင်းကို မမေ့လျော့တဲ့အနေနဲ့ မင်္ဂလာဆောင်ဖိတ်စာကို အိုးလ်ထရက် ဖို့ဒ်ကွင်း ပုံစံ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

အေသင်အောင် | messenger

မှတ်ချက်များ