ဒေါ်အောင်ဆန်းစုကြည်စတိုင် ယုသန္တာတင်


ဒီလထုတ် Beauty မဂ္ဂဇင်းအဖုံးမှာ တွေ့ရမယ့်သူက သရုပ်ဆောင် ယုသန္တာတင် ဖြစ်ပါတယ်။

သူ့နာမည်နဲ့ လုပ်ထားတဲ့ ဖေ့စ်ဘုတ်ပရိသတ်စာမျက်နှာ ၅ ခု ရှိပါတယ်။ အဲဒီထဲကတခုမှာလည်းဒီပုံကိုတွေ့ ရပါလိမ့်မယ်။

အမေစုငယ်ငယ်ကစတိုင် လို့ တယောက်က မှတ်ချက်ပြုထားပြီး ပရိသတ်တယောက်ကလည်းမြန်မာဆန် ဆန်နဲ့ပိုလှတယ်လို့ ဖေ့စ်ဘုတ်မှာ ဆိုထားကြတာပါ။

ဒီလထုတ် Beauty မဂ္ဂဇင်းအဖုံးပုံကတော့ ဆွဲဆောင်မှု ရှိလှပါတယ်။ အေးဇော်မိုး (စက်မှု) ရဲ့ ရိုက်ချက်ပါ။
အတွင်းပုံတွေမှာလည်း သူ့ရဲ့ အဝတ်အစားဖက်ရှင် အမျိုးမျိုးနဲ့ပုံတွေ ရှိပါတယ်။

ပင်နီအင်္ကျီနဲ့ ရိုက်ထားတာ ရှိသလို ပွဲတက်ဝတ်စုံဝတ် ပုဝါစခြုံထားပုံလည်း တွေ့ရပါလိမ့်မယ်။ အတွင်းပုံများ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုပြီး ဆင်တူပါတယ်။

ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေမှာ တွေ့နေရတဲ့ ယုသန္တာတင်က နာမည်ရလာတာ ၁ နှစ်စွန်းစွန်းပဲ ရှိပါသေးတယ်။ အနုပညာပျိုးခင်း ဆိုတဲ့ သရုပ်ဆောင်သစ်တွေ စင်တင်ပေးတဲ့ အစီအစဉ်ကနေ ရွှေမှုံရတီ၊ အိချောပိုတို့နဲ့အတူ စင်ပေါ်ရောက်လာခြင်းဖြစ်ပါတယ်။

အနုပညာပျိုးခင်း မင်းသမီး ယုသန္တာတင်က အသက် ၂၃ နှစ် ရှိပါပြီ။

မယ်ပြိုင်ပွဲတချို့မှာလည်း ဆုကြီးဆုလေးတွေ ရရှိဖူးသူအဖြစ် တချို့က သူ့ကို မှတ်မိကြမယ်လို့ ယူဆရပါ တယ်။

စည်သူလင်း

မှတ်ချက်များ